ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဂျာမိုင်ကောင်းနေရပ်စွန့်ခွာစခန်းနေပြည်သူများ အတွက် ပန်းခင်းစီမံချက်ဖြင့် ‌ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

မြစ်ကြီးနား     မေ ၂၂           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်းရပ်ကွက်အတွင်းရှိ ဂျာမိုင် ကောင်း (KBC) နေရပ်စွန့်ခွာစခန်း၌ စခန်းနေပြည်သူများအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ် ပြားများပေးအပ်ခဲ့ပြီး ဆန်အိတ်များထောက်ပံ့ပေးအပ်ခဲ့ကြသည်။           နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့်  ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ပြည်သူတွေအားလုံးသိအောင် အသိပေးထုတ်ပြန်ခဲ့ပြီး လုပ်ငန်းစဉ် များအတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရ ရှိသေးသည့် တိုင်းရင်းသားများကို နိုင်ငံသားစိစစ်ရေးကတ်ပြား အမြန်ဆုံးရရှိရေး အထူးစီမံချက်အဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ရေးဆွဲပြီး တစ် နိုင်ငံလုံးတွင်ရှိသည့် တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးကို…

Read More

ဧရာဝတီမြစ်ကူးတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်းပါဝင်သည့်မြေယာ/အဆောက်အဦ/သီးနှံများ အတွက် လျော်ကြေးငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကျင်းပ

မြစ်ကြီးနား     မေ ၂၁           ကချင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဧရာဝတီမြစ်ကူး တံတားအမှတ်(၂)ကို တည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါတံတားအမှတ်(၂)စီမံကိန်းဧရိယာအတွင်း တံတား အူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာ၊ အဆောက်အဦ/ သီးနှံများအတွက် ပိုင်ရှင်များထံ လျော်ကြေး ငွေပေးအပ်ခြင်းနှင့် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို မေ ၂၁ ရက် မွန်းလွဲ ၃ နာရီခွဲ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မေခခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့တစ်ဦးချင်းစီ သည် ကချင်ပြည်နယ်သူပြည်နယ်သားများဖြစ်ကြပြီး ပြည်နယ်၏အကျိုး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တာဝန်သိစိတ်ဖြင့် ယခုလို လက်တွဲဆောင်ရွက်ကြသည့်အတွက် ပြည်နယ်သူ/ပြည်နယ်သား များအားလုံးကိုယ်စားကျေးဇူးတင်ဂုဏ်ယူပါကြောင်း၊ မိမိတို့၏ မြေယာ၊ အဆောက်အအုံအတွက် စိတ်မ ကောင်းဖြစ်မိကြမည်ဖြစ်သော်လည်း ပြည်နယ်အကျိုး၊ အများအကျိုးအတွက် သဘောထားပြည့်ဝစွာ…

Read More

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်း သားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များအတွက် ပြည်နယ်သင်တန်းသား ရွေးချယ်ရေးကော်မတီလုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     မေ ၂၁           နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း)တို့အတွက် ကချင်ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးအမှတ်စဉ်(၁)ကို မေ ၂၁ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီနာယက၊ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နယ်စပ်ရေးရာဝန်ကြီးဌာန၏ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များသည် နယ်စပ်ဒေသများနှင့် အမှန်တကယ် ခက်ခဲသည့်ဒေသများအတွက် တန်ဖိုးရှိသည့် ဝန်ထမ်းကောင်းများကို လေ့ကျင့်မွေးထုတ်ပေးနေပါကြောင်း၊ ဒါ့ကြောင့်ဒီနေ့ပြည်နယ်အတွင်းမှာရှိ သည့် တိုင်းရင်းသားလူငယ်များကို တက်ရောက်နိုင်ရေးအတွက် အရည်အချင်းကိုက်ညီသည့် သင်တန်း သားများကို ရွေးချယ်စေလွှတ်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေးစေလိုကြောင်း တိုက်တွန်းမှာကြား သည်။           ထို့နောက် ပြည်နယ်သင်တန်းသားရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်…

Read More

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စိုက်ပျိုးရေး သိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၂၀           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်း ဖွင့်လှစ်ရေးတို့အတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မေ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။           ကချင်ပြည်နယ်၏စိုက်ပျိုးမွေးမြူရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးကို အခြေခံပြီး ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးဟု လမ်းညွှန်မှုပြုထားပြီးဖြစ်သည့်အတွက် ပြည်နယ်အတွင်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန် နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်းနှင့် စိုက်ပျိုးရေးအသိပညာနှင့် အတတ်ပညာဖြန့်ဝေရာ စိုက်ပျိုးရေးသိပ္ပံကျောင်းဖွင့်လှစ် သင်ကြားနိုင်ရေးကိုလည်း မိမိတို့ စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်…

Read More

ကချင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းများ အေးချမ်းတည်ငြိမ်စွာ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၁၉           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်အတွင်းအခြေခံပညာကျောင်း များအေးချမ်းတည်ငြိမ်စွာဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ မေ ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။           ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည် ချက် (၉)ရပ်တွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး ပညာ‌ရည်မြင့်မားရေးဟု ပါရှိသည့်အတွက် အနာဂတ်လူငယ်လူရွယ်များ၏ ပညာရေးဖွံ့ဖြိုးမှု နောက်မကျစေ‌ရေးအတွက် ကျောင်းများအေး ချမ်းတည်ငြိမ်စွာဖွင့်လှစ်၍ ပညာသင်ကြားခွင့်ရရှိရေးကို ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ဖို့လိုအပ်ပါကြောင်း၊ ယခင်နှစ်များတွင် ပုံမှန်အတိုင်း ဖွင့်လှစ်ဆောင် ရွက်လေ့ရှိသော်လည်း ယနေ့ကာလအခြေအနေအရ ကျောင်းသားများ၊ မိဘများ၊ ဆရာ၊ ဆရာမ များ၏ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာပါ လုံခြုံစိတ်ချမှုရှိစေရန် လုံခြုံရေးဆိုင်ရာများ အပြည့်အဝဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် အဓိကအားဖြင့် ကျောင်းသား/ ကျောင်းသူများ၊…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနား၊ မဒိန်၊ နောင်တာလောကျေးရွာအုပ်စုများမှ ပြည်သူများနှင့်တွေ့ဆုံ

မြစ်ကြီးနား     မေ ၁၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနား၊ မဒိန်၊ နောင်တာလောကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊နေရပ်စွန့်ခွာစခန်းနေပြည်သူများနှင့် မိုင်းနားကျေးရွာ၊ ဒူဝါလဝမ်လီအောက်မေ့ ဖွယ်ခန်းမ၌ တွေ့ဆုံပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း‌ဆောင်ရွက်ပေး ခဲ့သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံရေးပြောင်းလဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေများကို ရှင်းလင်းပြောကြားပြီး ယနေ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတော်အနေဖြင့် ရှေ့လုပ်ငန်း (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်ပြီး  အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေ…

Read More

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     မေ ၁၈           ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ သတ်မှတ်ဘဏ္ဍာရေး နှစ်အတွင်း အချိန်မီပြီးစီးရေးအတွက် လုပ်ငန်းများအပေါ် ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပသည်။           တင်ဒါခေါ်ယူဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံ ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း Lot ၃၉ ခုရှိရာ ယခုဘဏ္ဍာနှစ်ကုန်ဆုံးတော့မည်ဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ချိန်အမီ ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့် ယခုနှစ်သည် အခက်အခဲများ ရှိမည်ဖြစ်သော်လည်း ကြပ်မတ်‌ဆောင်ရွက်ရသည့် ဌာနဆိုင်ရာများအနေဖြင့် မြေပြင်တွင်…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပ ပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မေ ၁၇           ကချင်ပြည်နယ်အတွင်း မြန်မာ့ရိုးရာလက်ဝှေ့အားကစား တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပပြုလုပ်နိုင် ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက်မြန်မာ ပြည်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မေ ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း ဘက်စုံအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင် ရွက်ရာတွင် မြန်မာ့ရိုးရာလက်ဝှေ့ လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ကိုလည်း အလေးထားဆောင်ရွက်ရန်လက်ဝှေ့စိန်ခေါ်ပွဲကို ကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုး ရာလက်ဝှေ့ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် မိမိတို့အနေဖြင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးနိုင်ရေးကို ပွင့်လင်းရင်းနှီးစွာ တင်ပြစေလိုပါကြောင်း မှာကြားသည်။           ထို့နောက် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်(အထက်မြန်မာပြည်)မှ ဥက္ကဋ္ဌ…

Read More

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူလူထုနှင့် တွေ့ဆုံပြီး တက္ကသိုလ်ကောလိပ်များရှိ ပညာသင်ယူနေသော ကျောင်းသား/သူများအတွက် စားသောက်စရိတ်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား     မေ ၁၅           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၅ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီး နားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုအတွင်း ‌ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ပြီး တက္ကသိုလ်ကောလိပ်များရှိ ပညာသင်ယူနေကြသော ကျောင်းသား/ ကျောင်းသူများအား နေထိုင်စား သောက်မှု အဆင်ပြေစေရေး စားသောက်စရိတ်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ နောင်နန်းကျေးရွာ၊ မလိခကျေးရွာခန်းမဆောင်၌ နောင်နန်းကျေးရွာအုပ်စု အတွင်းရှိ ‌ကျေးရွာများမှပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင် စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိနိုင်ငံရေး အခြေအနေမှန်ကို သိရှိနားလည်လက်ခံပြီး မိမိတို့ကျေးရွာများတည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ဖွံ့ဖြိုး ရေးကို ဦးတည်၍ ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်…

Read More

ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး (၃/၂၀၂၁) ပြုလုပ်ကျင်းပ

မြစ်ကြီးနား     မေ ၁၄           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး (၃/၂၀၂၁)ကို မေ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၊ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။           အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးခက်ထိန်နန်က နိုင်ငံတော်နှင့်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သည် အမှန်တကယ်အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများစွာရှိနေသောကြောင့် ရင်းနှီးမြှုပ်နှံသူတွေဝင်ရောက်လုပ်ကိုင်ရာတွင် ဥပဒေ၊အမိန့် ညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုစိစစ်ပေးနိုင်ရေးကို ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြား သည်။                  ထို့နောက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ အမိန့်ကြေညာစာများ၊ ရင်းနှီးမြှုပ်မှုလုပ်ငန်းများအတွက်…

Read More