Tags :ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁) ကျင်းပပြုလုပ်

မြစ်ကြီးနား     ဧပြီ ၉           ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီအစည်းအဝေး(၂/၂၀၂၁)ကို ဧပြီ ၉ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။           ကော်မတီအစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများသည် အဓိကျပါကြောင်း၊ မိမိတို့ ပြည်နယ်အတွက် ဖွွံ့ဖြိုးတိုးတက်မှုရေရှည်ခိုင်မာ ရေးသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများစွာ ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည် နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို ဝိုင်းဝန်းဆွေးနွေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မင်းရပ်ဗဟိုဗလီနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ဗလီ(၇)ခုမှ ဘာသာရေးအကြီးအကဲများနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဧပြီ ၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးခက်ထိန်နန်က မြစ်ကြီးနားမြို့ မင်းရပ်ဗဟို ဗလီနှင့် မြို့ပေါ်ရှိ ဗလီ (၇)ခုမှ အစ္စလာမ်သာဘာရေးအကြီးအကဲများနှင့် တွေ့ဆုံပွဲကို ဧပြီ ၈ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အစ္စလာမ်ဘာသာ ရေးအကြီးအကဲများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ ငြိမ်းချမ်းလွတ်လပ်စွာနေထိုင်လာကြပါကြောင်း၊ အစ္စလာမ်ဘာသာဝင်များအနေဖြင့်လည်း မိမိ တို့ ကချင်ပြည်နယ်အတွင်း ခေတ်အဆက်ဆက် အတူတကွနေထိုင်လာကြသည့်အတွက် ညီနောင် မိတ်ဆွေများဟု သတ်မှတ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်း ဒေသတွင်း ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် တိုင်ပင်ဆွေးနွေးပြီး တည်ငြိမ်အေးချမ်းငြိမ်းချမ်းစွာ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့၌ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်

မြစ်ကြီးနား     ဧပြီ ၃           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧပြီ ၃ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ဆမားခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့ခေါင်းဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး များနှင့် တွေ့ဆုံပွဲကျင်းပသည်။           တွေ့ဆုံပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြောင်းလဲမှုအခြေအနေ နှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်(၉)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်၍ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဝိုင်းမော်မြို့သည် ဖွံ့ဖြိုး တိုးတက်ရန် အရှိန်ယူနေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ၊ မြို့မိ၊မြို့ဖ များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်အားကောင်းလာစေရန် ဝိုင်းဝန်း [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်ထွေ/အုပ်ဝန်ထမ်းများအတွက် မီးဘေး ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ပြည်နယ်မီးသတ်ဦးစီး ဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြိမ်းသတ်မှုသရုပ်ပြပွဲကို ဧပြီ ၁ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မီးသတ်ဦးစီးဌာန အနေဖြင့် ယခုလို နိုင်ငံဝန်ထမ်းအချင်းချင်း အားပေးကူညီပြီး မီးဘေးကြိုတင်ကာကွယ်ရေးအသိ ပညာပေးဆွေးနွေးပေးခြင်း၊ မီးငြိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသကဲ့သို့ ပြည်သူ များ၏ အိုးအိမ်စည်းစိမ်ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးဖြစ်ပေါ်လာပါက ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ရသူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မီးတပ်တပ်ဖွဲ့ ဝင်များအနေဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်အောင်အကောင်းဆုံးကြိုးစားထမ်းဆောင်သွား ကြရန်လိုအပ်ကြောင်းနှင့် မိမိတို့ကောင်စီအဖွဲ့အနေဖြင့် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၁           ကချင်ပြည်နယ်အတွင်း မြန်မာ့မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီက မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဧပြီ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာ့မီးရ ထားသည် မိမိတို့ ကချင်ပြည်နယ်နှင့် ပြည်နယ်သူ/ ပြည်နယ်သားများအတွက် ခရီးသွားလာရာတွင် လည်းကောင်း၊ ကုန်စည်သယ်ယူပို့ဆောင်ရာတွင်လည်းကောင်း နှစ်ပေါင်းများစွာ အကျိုးပြုတာဝန်ယူ ခဲ့ပါကြောင်း၊ ယနေ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရပြီး မီးရထားသွား/ လာမှုရပ်ဆိုင်းထားခဲ့ရသော်လည်း ရထားကိုအသုံးပြုသွားလာနေရသည့် ပြည်သူများအခက်အခဲဖြစ် ပေါ်လာသည့်အတွက် မီးရထားဝန်ထမ်းများအနေဖြင့် နိုင်ငံဝန်ထမ်းပီပီ တာဝန်ကျေပွန်အောင်ထမ်း ဆောင်သွားရမည်ဖြစ်ပေါကြောင်း မှာကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း ဝဥစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်လာစေရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝဥမျိုးစေ့များဖြန့်ဝေပေးအပ်

မြစ်ကြီးနား     မတ် ၃၁           ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝဥစိုက်ပျိုးထုတ်လုပ်မှုအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် မတ် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌  ဝဥစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး ဝဥမျိုးစေ့များကို  ဖြန့်ဝေပေးအပ် ခဲ့သည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

မြစ်ကြီးနား     မတ် ၂၈           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ၂၀၂၁ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို မတ် ၂၇ ရက် (သာသနာတော် နှစ် ၂၅၆၄၊ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်နေ့) မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။           သာသနာဆိုင်ရာဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲသို့ ကချင်ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကောင်းမြို့ မဟာတိလောကာရာမ ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမစဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအာစိဏ္ဏ ဦးဆောင်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်သည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

မြစ်ကြီးနား     မတ် ၂၆           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များက ရပ်ရွာတည်ငြိမ်အေး ချမ်းရေးအတွက် စီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲကို မတ် ၂၆ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့နယ်ပြည်သူ့ဝန်ဆောင်မှု(OSS)ရုံးဝင်းအတွင်းရှိ မနောရွှေပြည် ခန်းမ၌ ကျင်းပပြုလုပ်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၂၅           ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးရေးအတွက်တည်ဆောက်‌ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို မတ် ၂၅ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပြည်နယ်အတွင်း ကိုဗစ်Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော အခြေခံပညာမူလတန်းကျောင်းအုပ်များအား သွားရောက်အားပေးထောက်ပံ့

မြစ်ကြီးနား     မတ် ၂၄           ကချင်ပြည်နယ်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌနှင့်ကောင်စီအဖွဲ့ဝင်များက မြစ်ကြီးနားမြို့၊ အမှတ် (၅)အခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံပညာ မူလတန်းကျောင်းအုပ်များ စွမ်းရည်မြှင့်သင်တန်းသို့ တက်ရောက်သင်ကြားနေသော ကျောင်းအုပ်များ အား မတ် ၂၄ ရက် နံနက် ၁၁ နာရီခွဲတွင် သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်များအား အခြေခံပညာမူလတန်းကျောင်း အုပ်များအား သင်တန်းဖွင့်လှစ်မှု၊ သင်တန်းတက်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ပြည်နယ်ပညာရေး မှူးဦးကျော်မိုးထွန်းနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌက သင်တန်းတက် ရောက်လာကြသည့် မူလတန်းကျောင်းအုပ်များအား ဆရာ၊ ဆရာမများသည် အနန္တဂိုဏ်းဝင်များပင်ဖြစ် ပါကြောင်း၊ အထူးသဖြင့် မူလတန်းတွင် သင်ကြားသော ဆရာ၊ ဆရာမများသည် မိမိတို့ ကလေးငယ်များ ၏ အနာဂတ်အတွက် အဓိကကျသည့် လက်ဦးဆရာများပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ [&Read More