Tags :ကချင်ပြည်နယ်

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်းရှိ ငွေပျော်စံပြကျေးရွာနေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ် ၂၂ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြစ်ကြီးနားမြို့နယ်အတွင်းနယ်မြေအခြေအနေ အရ နေရပ်စွန့်ခွာပြည်သူများအတွက် ပြန်လည်ထူထောင်ရေးစခန်းတစ်ခုဖြစ်သည့် ငွေပျော်စံပြကျေးရွာ နေ အိမ်ထောင်စု (၄၃၁)စုအတွက် ဆန်အိတ်များထောက်ပံ့ပေးအပ်ပွဲကို မတ် ၂၂ ရက် နံနက် ၁၀ နာရီခွဲ တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ဆမားဒူဝါးဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ဆန်အိတ်များထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ငွေပျော်စံပြကျေးရွာနေပြည်သူများအား ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိသည့် ကာလ တွင် နေရပ်ကိုစွန့်ခွာလာခဲ့ပြီး ယခုလို အခြေချနေထိုင်ရန် ကြိုးစားနေချိန်တွင် မိမိတို့ရပ်ရွာကို တည်ငြိမ် အေးချမ်းမှုရှိအောင် မိမိတို့ကောင်စီအဖွဲ့အနေဖြင့် အတူလက်တွဲပြီး တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် ကြားကာလအတွင်း စီမံအုပ်ချုပ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်သော်လည်း ပြည်သူများအတွက် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ရပ်ရွာတာဝန်ရှိသူများအနေဖြင့် နယ်မြေတည်ငြိမ်အေး ချမ်းမှုရှိစေရေးနှင့် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နေရပ်ပြန်နန်ဆန်ယန်ကျေးရွာတွင် ပြန်လည်နေထိုင်လျက်ရှိ သောပြည်သူများအား ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်

မြစ်ကြီးနား မတ် ၂၀ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ IDPs စခန်းများမှ ၎င်းတို့၏ နေရပ်နန်ဆန်ယန်ကျေးရွာ၌ ပြန်လည်အခြေချနေထိုင်လျက်ရှိသော မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာမှ ပြည်သူများအတွက် ဆန်ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် ပွဲကို မတ် ၂၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်စီမံချုပ်အုပ်ချုပ်ရေးကောင်စီရုံး၊ ဆမားဒူဝါဆင်ဝါး နော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ် အတွင်းရှိ IDPs စခန်းမှ နေရပ်စွန့်ခွာပြည်သူများအား ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်အခြေချနေ ထိုင်နိုင်ရေးသည် စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိမှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်းရှိ IDPs […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော မြစ်ကြီးနား ခရိုင်အတွင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား မတ် ၁၉ ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော မြစ်ကြီးနားခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြှင့် သင်တန်းကို မြစ်ကြီးနားမြို့၊ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ပြုလုပ် လျက်ရှိရာ မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီ အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံအားပေးကြသည်။ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဆရာ၊ ဆရာမများသည် စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာ(၃)နာဖြင့် တပည့်များကို သားသမီးအရင်းသဖွယ် အနာဂတ်ခေါင်းဆောင် ကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်သင်ကြားပေးရပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်၏ ပညာ ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာစေရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့် အတွက် ဆရာ၊ ဆရာမများအား ပြည်နယ်သူ/သားများကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ရှေ့ဆက်ပြီး မိမိတို့ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ဖားကန့်ဒေသ ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းအတွက် ဦးစားပေးနေရာများသတ်မှတ်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား မတ် ၁၇ ကမဘြာကှောကွှောကစွိမွးထှကရွှိရာ ကခငှပွှညနွယွ၊ ဖားကန့ဒွသအတှေငွး ဥရုခှောငွးရမှငေ့ွ တကမွှုကှောင့ွ နှဈစဉရွကှေီးရလှှေံမှုလှော့ပါးပပှောကစွရေေးအတှကွ ၂၀၂၀-၂၀၂၁ ခုနှဈ၊ ဖားကန့ွ၊ လုံးခငွးနရောမှားတှငွ ဥရုခှောငွးရှငွးလငွးရေးဆောငရွှကမွည့ွ အစီအမံမှားနှင့ွ ပတသွကပွှီး ပှညနွယွ စီမံအုပခွှုပရွေးကောငစွီဥကကြဋဌြက မတွ ၁၆ ရကွ မှနွးလှဲ ၁ နာရီတှငွ ပှညနွယစွီမံအုပခွှုပရွေးကောငစွီရုံး၊ အစညွးအဝေးခနွးမ၌ ဌာနဆိုငရွာမှား၊ ဒသခေံမှို့မိ/မှို့ဖမှားနှင့ွ တှေ့ဆုံဆှေးနှေးခဲ့သညွ။ ဥရုချောင်း ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ် သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဖားကန့်ဒေသသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံးကျောက်စိမ်းထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့်အတွက် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း ကြိုးစားလုပ်ဆောင်ရန်လိုအပ်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဥရု ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်စဉ်မှ ကာကွယ်ရန် နှစ်စဉ်ချောင်းရှင်းလင်းရေးလုပ်ငန်း ကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်အတွက် ချောင်းရှင်းလင်းရေးလုပ်ငန်းကို မြေပြင်အ […]Read More