Bahisbet Bahisbet Giriş Yakabet Giriş Deneme Bonusu deneme bonusu veren siteler çevrimsiz deneme bonusu Deneme Bonusu Rehberi Deneme Bonusu 2026 güncel deneme bonusu Çevrimsiz Bonus Veren Siteler Truva Marketing Deneme Bonusu Veren Siteler Jojobet Giriş Caddebet Giriş Casibom Giriş

ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မြစ်ကြီးနား       နိုဝင်ဘာ ၂၉

          ကချင်ပြည်နယ်အတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          ထို့သို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိနိုင်ငံလူဦးရေ၏ အမျိုးသမီး ပါဝင်မှုမှာ (၅၂)ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များ အကောင်အထည် ဖော်ရေး၊ နိုင်ငံတစ်ဝှမ်းလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးစသည့် လုပ်ငန်းများ အပြည့်အဝအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အမျိုးသမီးများပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးကြီးပါကြောင်း၊ ဒါ့ကြောင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုများ ပါဝင်သည့် အခွင့်အလမ်းများကို တန်းတူ ညီမျှဖော်ဆောင်ပေးရမည်ဖြစ်သလို အမျိုးသမီးများအပေါ်အကြမ်းဖက်ခြင်းမှကာကွယ်ပေးခြင်းသည် နိုင်ငံသားများအားလုံး၏ တာဝန်လည်းဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းမျိုးစုံ ဖြင့် အကြမ်းဖက်ခံရမှုများမှ ကာကွယ်စောင့်ရှောက်ရေးအတွက် သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ် များ၊ မူဝါဒများ၊ စီမံကိန်းစီမံချက်များ၊ လမ်းညွှန်းချက်များကို ချမှတ်ဖော်ဆောင်သည့်နေရာတွင် နိုင်ငံ တော်အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများအားလုံးကပါ ဝိုင်းဝန်းပူးပေါင်းပြီး အရှိန်အဟုန်ဖြင့် ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များက  မြစ်ကြီးနားမြို့ပေါ်မှ မေတ္တာရိပ်မြုံ ပရဟိတဂေဟာနှင့် ချမ်းမြေ့ပရဟိတဂေဟာတို့ မှ သားငယ်၊ သမီးငယ်များ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးရေးအတွက် တေးသီချင်းများ၊ သရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က ပရဟိတဂေဟာများ အတွက် ထောက်ပံ့ငွေကျပ် ၂ သိန်းစီဖြင့် ငွေကျပ် ၆ သိန်းကို ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။