ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း များ ပိုမိုအားကောင်းခိုင်မာလာစေပြီး ‌ရေရှည်ရပ်တည်နိုင်ရေးနှင့် ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ် လုပ်နိုင်ရေး ကွင်းဆင်းအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း များ ပိုမိုအားကောင်းခိုင်မာလာစေပြီး ‌ရေရှည်ရပ်တည်နိုင်ရေးနှင့် ထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ် လုပ်နိုင်ရေး ကွင်းဆင်းအားပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁

          ကချင်ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် အသေးစားကုန်ထုတ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးသည် အဓိကအားပေးဆောင်ရွက်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်သလို တစ်ဦးချင်းစီ၏ ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းများဖြစ်သည့်အတွက် ပိုမိုအား ကောင်းခိုင်မာလာစေပြီး ရေရှည်ရပ်တည်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းပံ့ပိုးကူညီပေးနိုင်ရေး နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့သို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှု (MSME) လုပ်ငန်းများကွင်းဆင်း အားပေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ အသေးစားစက်မှုလက်မှု စားသောက်ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေသည့် TOP တံဆိပ်၊ အသင့် စားအမဲသားခြောက်စပ် ကုန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ပိုင်ရှင် ဦးမရန် ဇော်ယော်၏ လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကုန်ကြမ်းရရှိမှု၊ ဈေး ကွက်ရရှိမှုနှင့် ထုတ်လုပ်နိုင်မှုအခြေအနေများနှင့် မေးမြန်းဆွေးနွေးခဲ့ကြကာ ဈေးကွက်ရရှိရေးနှင့် လုပ်ငန်းမှတ်ပုံတင်ရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန်ခိန်ရပ်ကွက်အတွင်းရှိ “ဆွေ”တံဆိပ်ဖြင့် ဒေသထွက်ပယင်းဖြင့် လူသုံးကုန်/ အလှကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှုကို လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်း ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ အဆိုပါ ရပ်ကွက်အတွင်း ဒေါ်လုလုစံ၏ “Hu Ha” တံဆိပ်ဖြင့် အသင့်စား အမဲ သားခြောက်ကင် စားသောက်ကုန်ထုတ်လုပ်လျက်ရှိသည့်အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြကာ ဈေးကွက်ရရှိမှုအခြေအနေ၊ ရင်းနှီးမတည်နိုင်မှုအခြေအနေနှင့် လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများရေရှည်ရပ်တည်နိုင်ရေး လိုအပ်သည့် ငွေကြေး၊ နည်းပညာနှင့် ဈေးကွက်ရရှိရေး၊ ကုန်ထုတ်လုပ်မှုများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်စေရန် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး အစုအဖွဲ့ပုံစံဖြင့် ချေးငွေများကို ရင်းနှီးမတည်ပေးနိုင်ရေးတို့အတွက် ဌာနဆိုင် ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ဂါရာဇွပ်ကျေးရွာအုပ်စု အတွင်း မြစ်ဆုံသွားလမ်းပေါ်ရှိ Y Garden အပန်းဖြေဥယျာဉ်သို့ သွားရောက်ပြီး အပန်းဖြေဥယျာဉ်၏ မြေဧရိယာ ၂၆ ဧကပေါ်တွင် စားသောက်ဆိုင်များ၊ တည်းခိုရန်နေရာများ၊ ရေကူးကန်နှင့် ရေပန်း ဥယျာဉ်များ၊ သစ်ပင်ပန်းမံများဖြင့် အလှဆင်ယင်ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က အပန်းဖြေစခန်းလုပ်ငန်းသည် ပြည်နယ်၏ ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေသည့် လုပ်ငန်းတစ်ခုဖြစ်သလို ရင်းနှီး မြှုပ်နှံမှုများစွာဖြင့် လုပ်ကိုင်ရသည့်လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အားပေးကူညီဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် အောင်မြင်သာကျေးရွာအနီးရှိ Yup(ယွပ်) Family အပန်းဖြေဥယျာဉ်စခန်းဧရိယာ အတွင်း စပျစ်ပင်များစိုက်ပျိုးထားရှိမှု၊ ဝက်ဝံများ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုနှင့် မြေယာရှုခင်း များ ပြုပြင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။