ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်း ကုန်းမဟတ်ကျေးရွာတွင်း ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်၊ တန်ဖိုးမြှင့်ထုန်ကုန်နည်းပညာသင်တန်း၊ သူနာပြုသားဖွားဒီပလို (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်း ကုန်းမဟတ်ကျေးရွာတွင်း ကွန်ကရစ် လမ်းသစ်ဖွင့်လှစ်၊ တန်ဖိုးမြှင့်ထုန်ကုန်နည်းပညာသင်တန်း၊ သူနာပြုသားဖွားဒီပလို (၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေး

ဗန်းမော်         ဖေဖော်ဝါရီ ၂၂

          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့နယ်အတွင်းရှိ ကုန်းမဟတ်ကျေးရွာ ရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက် ရောက်ဖွင့်လှစ်ပေးကြသည်။

          လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးတင်မောင်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဗန်းမော်တပ်နယ်မှူး၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ကွန်ကရစ်လမ်း သစ်ဖွင့်ပွဲ မုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော် နေထိုင် သည့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍဖြစ်သည့်အတွက် မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ကျေးလက်ဒေသများတွင် နေထိုင်သည့် ပြည်သူလူထု၏ စီးပွားရေး၊ ပညာ ရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်းရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် လမ်း/တံတားများ တည်ဆောက်ပေးနိုင်ရေး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၂၆၉၂၈ ဒဿမ ၀၆၆) သန်း ခွင့်ပြုပေးခဲ့ပြီး ဗန်းမော်ခရိုင်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၅၄၃၅ ဒဿမ ၂၂၇)သန်းဖြင့် ကွန်ကရစ်လမ်း၊ ကျောက်လမ်း၊ မြေသားလမ်း စသည့် ကျေးလက်လမ်း (၁၀)လမ်း နှင့် ကွန်ကရစ်တံတား (၉)စင်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်းကို အလေး အနက်ထား ပြောကြားလိုပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများ စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံ လျင်မြန်စွာဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမင်းဆွေက ယနေ့ ဖွင့်လှစ်မည့် ကုန်းမဟတ်ကျေးရွာကွန်ကရစ်လမ်းသစ်အပါအဝင် လမ်းသစ် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ကျေးရွာနေပြည်သူများကိုယ်စား ဒေသခံ ဦးလှဘော်က ကျေးဇူးတင်စကားပြောကြားသည်။

          ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် (၉၆၄.၉၉၁)သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သည် ကွန်ကရစ်လမ်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေဦးစီးဌာန၊ ခရိုင်ဦးစီးမှူး တို့က လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရ လက်ဆောင်များကို ပေးအပ်ခဲ့ကာ တက်ရောက်လာ ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ ဝင်များနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က တိုင်းရင်းသားရိုးရာအကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်းကျောင်း (ဖိုးဒေဝ)၌ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှ စတင်၍ (၅)ရက်ကြာဖွင့်လှစ် သင်ကြားပေးလျက်ရှိသည့် တန်ဖိုးမြှင့် စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ သွားရောက်ပြီး ဖိုးဒေဝကျေးရွာပြည်သူများအား ‌ဒေသ ထွက်အသီးအနှံများအား အဆင့်မြှင့်စားသောက်ကုန်များအဖြစ် သင်ကြားပို့ချပေးနေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ထို့အပြင် အဆိုပါအထက်တန်းကျောင်း၌ Grade-5 နှင့် Grade-9 ကျောင်းသား/ကျောင်းသူ များအား ဆရာ/ ဆရာမများက လေ့ကျင့်သင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကာ ဆရာ/ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်ပြည်သူ့ဆေးရုံကြီး အတွင်း ဌာနဆိုင်ရာ နယ်ပယ်အသီးသီးမှ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းကြီးများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေး ရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုပရဟိအဖွဲ့များ အကူအညီဖြင့် သမားတော်ကြီးများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများက ကျန်းမာရေးစစ်ဆေး ခြင်း၊ အထွေထွေရောဂါစစ်ဆေးကုသပေးခြင်း၊ မျက်စိ၊ နား၊ နှာခေါင်း၊ အရိုး၊ အကြောစစ်ဆေး ခြင်းနှင့် ဆေးဝါးများ ထုတ်ပေးခြင်းတို့အပြင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Pfizer Comirnaty) ထိုးနှံပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မြန်မာ့စီးပွားရေး ဘဏ်၊ ခရိုင်ဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများက ပင်စင်လစာ ထုတ်ပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗန်းမော်မြို့ သူနာပြုသင်တန်း ကျောင်းသို့ သွားရောက်ပြီး သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ပညာသင်နှစ် သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ်ကျောင်းသား/ ကျောင်းသူများ ၏ မောင်/မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေးချီးမြှင့်ကြသည်။

            အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ ကို နိုင်ငံတော်အနေဖြင့် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယနေ့ ပထမနှစ်တက်ရောက် ကြသည့် မောင်မယ်များအနေဖြင့် သူနာပြုကောင်းများဖြစ်လာစေရန်နှင့် မိမိတို့ပြည်နယ်၊ မိမိတို့ နိုင်ငံကို အကျိုးပြုစေသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရန် ကြိုးစားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ စေတနာ့အလှူရှင်များက သူနာပြုကျောင်းရှိ သင်တန်းသား/သင်တန်းသူ (၁၂၈)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၂၅)သိန်း၊ ဆန်အိတ် (၃၀)အိတ်၊ ဆီ (၅)ပိဿာပုံး (၁၀)ကိုကို သူနာပြုကျောင်းအုပ်နှင့် သင်တန်းသား/ သင်တန်းသူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား/သ်တန်းသူများ ၏ တိုင်းရင်းသားရိုးရာ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အကအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ကျောင်းအတွင်းရှိ သတသင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပို့ချပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။