ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ကချင်ပြည်နယ်အတွင်းရှိ ဘဏ်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ပေးအပ်

 ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ကချင်ပြည်နယ်အတွင်းရှိ ဘဏ်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ပေးအပ်

မြစ်ကြီးနား သြဂုတ် ၂၀
ကချင်ပြည်နယ်အတွင်းရှိ ဘဏ်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ပွဲအား သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး ၊ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် သည်။
ရှေးဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့် အခြားသောဘဏ်ဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ စိန်ခေါ်မှုများ၊ ကိုဗစ်-၁၉ ကူးစက် ရောဂါအခက်အခဲများအကြားက ငွေကြေးလည်ပတ်မှုကိစ္စရပ်များအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သောကြောင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း အမှာစကား ပြောကြားသည်။
ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့ မှ ကချင်ပြည်နယ်အတွင်းရှိ အစိုးရဘဏ်(၁၇)ခုရှိ ဘဏ်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ၁၂၅သိန်း၅သောင်းကျပ်အား ထောက်ပံ့ပေးအပ်ရာ ပြည်နယ် ဘဏ်မန်နေဂျာ ဒေါ်သက်မွန်မှ လက်ခံရယူပြီးနောက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဲဒီနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဘဏ်ဝန်ထမ်းများ၏ ကြုံတွေ့နေရသော အခက်အခဲများအား မိမိတို့အစိုးရအဖွဲ့အနေနှင့် ကူညီရန်အသင့်ရှိပါကြောင်း ရှေ့ဆက်တိုးမြှင့်လုပ်ဆောင်သွားမည့် ငွေးကြေးလည်ပတ်မှုကိစ္စရပ်များအား အစိုးရအဖွဲ့နှင့် အတူလက်တွဲလုပ်ဆောင်သွားကြဖို့မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။