ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီသို့ ဦးဘောမ်လမ်းနှင့် မစ္စတာလီဝေ(မြန်မာဟိန်ယကုမ္ပဏီ)တို့မှ လှူဒါန်းသည့် အောက်စီဂျင်စက် ၁ လုံးနှင့် ဝယ်ယူသည့် အောက်စီဂျင်စက် ၂ လုံးတို့အား လွှဲပြောင်းပေးအပ်

 ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီသို့ ဦးဘောမ်လမ်းနှင့် မစ္စတာလီဝေ(မြန်မာဟိန်ယကုမ္ပဏီ)တို့မှ လှူဒါန်းသည့် အောက်စီဂျင်စက် ၁ လုံးနှင့် ဝယ်ယူသည့် အောက်စီဂျင်စက် ၂ လုံးတို့အား လွှဲပြောင်းပေးအပ်

မြစ်ကြီးနား     သြဂုတ် ၂၇

          ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဝယ်ယူထား သည့် အောက်စီဂျင်စက် ၂ လုံးအပါအဝင် ဦးဘောမ်လန်းနှင့် မစ္စတာလီဝေတို့မှ လှူဒါန်းသည် အောက်စီဂျင်စက် ၁ လုံးတို့ကို သြဂုတ် ၂၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမား ဒူဝါဆင်ဝါးနော်ခန်းမ၌ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

          အောက်စီဂျင်စက်များလွှဲပြောင်းလက်ခံရတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိ တို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းများ ကို တပ်မ‌တော်၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အတိုင်း အတာတစ်ခုထိ ထိန်းချုပ်နိုင်သော်လည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့ မိမိတို့ပြည်နယ်၏ အောက်စီဂျင်လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တဖက်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ညှိနှိုင်းခဲ့ပြီး ယခုလို ဝယ် ယူပေးသည့်အပြင် အောက်စီဂျင်စက်တစ်လုံးကိုပါ လှူဒါန်းပေးကြသည့် ဦးဘောမ်လန်းနှင့် မစ္စတာလီဝေတို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

          ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက ကချင် ပြည်နယ်အတွင်း တပ်မတော်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အောက်စီဂျင်လိုအပ်မှုအ တွက် ပူးပေါင်းချိတ်ဆက်ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားပြီး အလှူရှင် ဦးဘောမ်လန်းနှင့် မစ္စတာလီဝေ(မြန်မာဟိန်ယကုမ္ပဏီ)တို့ကိုယ်စား ဦးဘောမ်လန်းက ပြည်နယ် အစိုးရအဖွဲ့မှ ဝယ်ယူသည့် အောက်စီဂျင်စက် ၂ လုံးနှင့် ၎င်းတို့မှ လှူဒါန်းသည့် အောက်စီဂျင် ၁ လုံး တို့၏ အချက်အလက်များပါဝင်သည့် စာရွက်စာတမ်းများကို ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။

          ထို့နောက် ဦးဘောမ်လန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲရှိ Hangzhou Niuzhuo Technology Co.,Ltd မှ အောက်စီဂျင်စက်များ မှာယူပြီး ဝယ်ယူခဲ့မှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော် လင်းအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာ စကားပြောကြားသည်။

          ယနေ့ လှူဒါန်းလက်ခံရရှိမှုနှင့် ပြည်နယ်မှ ဝယ်ယူထားသည့် အောက်စီဂျင်စက် ၃ လုံးအား ပြည်နယ်၏ အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး မြစ်ကြီးနားမြို့၌ စက် ၂ လုံး တပ်ဆင် အသုံးပြုသွားမည်ဖြစ်ပြီး ကျန်စက်တစ်လုံးကို ပူတာအိုခရိုင်၊ ပူတာမြို့ ခရိုင်ပြည်သူ့ ဆေးရုံတွင် တပ်ဆင်အသုံးပြုသွားရန် ပေးပို့ထားကြောင်းနှင့် အဆိုပါ စက်တစ်လုံးလည်ပတ်ပါက တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်စီဂျင်အိုး ၅ လုံးထုတ်လုပ်နိုင်မည်ဖြစ်ကာ တစ်ရက်လျှင် အလုံးရေ ၁၂၀ ထွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ချနိုင်ရေး ဆောင်ရွက်သွားမည့်လုပ်ငန်း စဉ်များ၊ ကာကွယ်ဆေးထိုးနှံပေးသွားမည့်အစီအစဉ်များနှင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းများ နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက်တိုးမြှင့်ဆောင်ရွက်သွားရေးနှင့်လုပ်ငန်း ဆောင်ရွက်မှု အားကောင်းလာစေရေး ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ သြဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဝင်းအတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ ပေါင်ဆန်းပြည်နယ်မှ ဝယ်ယူထားသည့် အောက်စီဂျင်စက်နှစ်လုံး ရောက်ရှိ နေမှုအခြေအနေနှင့် အောက်စီဂျင်စက်များ တပ်ဆင်အသုံးပြုသွားမည့် မလိခအားကစားရုံအတွင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အောက်စီဂျင်စက်ရုံအတွက် ထရန်စဖော်မာ တပ်ဆင်ထားရှိမှု၊ အဝင်လမ်းများ ကွန်ကရစ်ခင်းကျင်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။