ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားမြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စုပေါင်းသန့်ရှင်ရေးဆောင်ရွက်

မြစ်ကြီးနား     သြဂုတ် ၂၈

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက  သြဂုတ် ၂၈ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီး တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

          သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ စီတာပူရပ်ကွက်အတွင်း ဆိမ့်ဆာလမ်းပေါ် ရှိ ကုန်တင်ကုန်ချကွင်းအနီးမှ ဗလမင်းထင်တံတား လမ်းစုံထိနှင့် တက္ကသိုလ်အနောက်ဘက်ခြံ စည်းရိုးတစ်လျှောက်တို့တွင် လမ်းဘေးဝဲယာ ချုံနွယ်သစ်ပင်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အသီးသီး တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ နန်ကျင်ကျေးရွာရှိ သီရိဓမ္မတောရကမ္မဌာန်းကျောင်းတိုက်၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဆွမ်း၊ ကွမ်းအခက် အခဲမရှိစေရေးအတွက် ဆန်အိတ် ၂၀ အိတ်၊ စာသုံးဆီ ပိသာ ၃၀၊ ကုလားပဲ တစ်အိတ်၊ ကြက်ဥအ လုံး ၆၀၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြပြီး ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။