ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလှူရှင်များမှ လှူဒါန်းသည့် Oxygen Concentrator များကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ပြီး အောက်စီဂျင်စက်ရုံများတည်ဆောက်ရေး ညှိနှိုင်းဆွေး‌နွေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလှူရှင်များမှ လှူဒါန်းသည့် Oxygen Concentrator များကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ပြီး အောက်စီဂျင်စက်ရုံများတည်ဆောက်ရေး ညှိနှိုင်းဆွေး‌နွေး

မြစ်ကြီးနား     ဇူလိုင် ၂၆

          ကချင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် ကိုဗစ်-၁၉ အတည်ပြုလူနာများအား အောက်စီဂျင်လုံလောက်မှုရှိစေရေး၊ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးတို့အ တွက် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် အလှူရှင်များမှ လှူဒါန်းသည့် Oxygen Concentrator များကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ခြင်းနှင့် အောက်စီဂျင်စက်ရုံများတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းနှင့် မြန်မာ ပြည်ဖွားတရုတ်မျိုးနွယ်စုများအဖွဲ့မှ ဥက္ကဋ္ဌ ဦးတင်ထွန်း ဦးဆောင်အဖွဲ့မှ မြစ်ကြီးနားနှင့် ပူတာအို ပြည်သူ့ဆေးရုံများအတွက် လှူဒါန်းသည့် ငွေကျပ် ၁၄၆၅၀၀၀၀ တန်ဖိုးရှိ Oxygen Concentrator ၁၅ လုံးကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က အလှူရှင်များကိုယ်စား မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာတင်လှထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မြစ်ကြီးနားဆေးရုံ အတွက် ၁၀ လုံးနှင့် ပူတာအိုဆေးရုံအတွက် ၅ လုံး ခွဲဝေအသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့သည်။

          ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပေးဆပ်သူလူမှုကူညီရေးအသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပြည်နယ်အတွင်း အောက်စီ ဂျင်လုံလောက်မှုရှိစေရေး၊ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ မှ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ဝိုင်းမော်နှင့် ရွှေကူမြို့နယ်တို့တွင် အောက်စီဂျင်စက်ရုံများ တည်ဆောက်နိုင်ရေး Oxygen Plants များကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ညှိနှိုင်းမှာယူဆောင် ရွက်လျက်ရှိသည့်အခြေအနေများ၊ စက်များတပ်ဆင်/လည်ပတ်/ထုတ်လုပ်နိုင်ရေးအတွက်လျှပ်စစ် ပိုင်းဆိုင်ရာနှင့် ကျွမ်းကျင်အလုပ်သမား လိုအပ်ချက်များ၊ ပေးဆပ်သူလူမှုကူညီရေးအသင်း၏စက်ရုံ တည်ဆောက်နိုင်ရေး Oxygen Plant သယ်ယူရာတွင် ညှိနှိုင်းဆောင်ရွက်ပေးရန်ကိစ္စရပ်များ၊  ထရန်စဖော်မာလိုအပ်ချက်နှင့် အခြားထောက်ပံ့မှုများ ကူညီပံ့ပိုးပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးမှုများနှင့်ပတ်သက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ် အတွင်း အရေးကြီးသည့် အောက်စီဂျင် လိုအပ်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော်၍ ဖြည့်ဆည်း‌ဆောင်ရွက်ပေးနိုင်ရေးနှင့် အောက်စီဂျင်စက်ရုံများကို နောင်အနာဂတ်အတွက်ရည်မှန်း ပြီး လိုအပ်ချက် ပြည့်မီစွာသုံးစွဲသွားနိုင်ရေး စီမံတည်ဆောက်သွားရန်လိုကြောင်း၊ လူမှုရေးအသင်း အဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုကို မိမိတို့အနေဖြင့် တတ်နိုင်သလောက် ပံ့ပိုးကူညီပေးရန်လို ကြောင်းနှင့် လိုအပ်ချက်များအပေါ်  ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပေးဆပ် သူလူမှုကူညီရေးအသင်း တာဝန်ရှိသူများအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိန်ကမ္ဘာအောက်စီဂျင်စက်ရုံ၊ စက်ချို့ယွင်းပျက်စီးမှုကြောင့် ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထောက်ပံ့ငွေကျပ် ၁၀ သိန်း ကို ထောက်ပံ့ပေးအပ်ခဲ့သည်။