ကချင်ပြည်နယ်စီးပွားရေးရာ၀န်ကြီး ပူတာအိုမြို့နယ်အတွင်း ‌ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး၊ဌာနဆိုင်ရာ၀န်ထမ်းများနှင့် တွေ့ဆုံ

 ကချင်ပြည်နယ်စီးပွားရေးရာ၀န်ကြီး ပူတာအိုမြို့နယ်အတွင်း ‌ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းစစ်ဆေး၊ဌာနဆိုင်ရာ၀န်ထမ်းများနှင့် တွေ့ဆုံ

ပူတာအို ဇူလိုင်    ၁
            ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေသည် ပြည်နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့၀င်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ ဇွန်(၃၀)ရက်တွင် ပူတာအိုမြို့နယ်အတွင်း ဘဏ္ဍာနှစ်အလိုက်အကောင်အထည်‌ဖော်‌‌ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုကွင်းဆင်းစစ်ဆေးပြီး      ဌာနဆိုင်ရာ၀န်ထမ်းများနှင့်တွေ့ဆုံသည်။
            ရှေးဦးစွာ ပြည်နယ်၀န်ကြီးနှင့်တာ၀န်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း အတွင်း  ကချင်ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၁၄၉၈.၀၀၀)သန်းဖြင့် ပူတာအိုခရိုင်စုပေါင်းရုံး‌ လေးထပ် RC အဆောက်အအုံဆောက်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းပိုင်းများ သတ်မှတ်ချက်များနှင့်အညီ  ပြီးစီးအောင်ဆောင်ရွက်ရေးမှာကြား ခဲ့သည်။
            ယင်းနောက် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို) ကျောင်းခန်းမ၌ ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်၊ တာ၀န်ရှိသူများ၏ အစိုးရစက်မှုလက်မှုသိပ္ပံ (ပူတာအို)နှင့်အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဘဏ္ဍာနှစ်အလိုက် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း အလျား(၂၁၁)ပေ၊ အနံ(၇၀)ရှိ သံကူကွန်ကရစ် နှစ်ထပ် ကျောင်းသားအဆောင်နှင့်အလျား(၁၉၂)ပေ၊ အနံ(၃၈)ပေ နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  ပူတာအိုမြို့နယ် ဆာရ်ခွမ်ဒမ်းကျေးရွာရှိ တိလောကာရာမကျောင်းတိုက် ဆရာတော်အားဖူးမြှော်ကြည်ညိုကာ ၀တ္တုအလှူငွေများဆက်ကပ်လှူဒါန်းခဲ့သည်။ ထိုမှတဆင့် မချမ်းဘော့မြို့နယ်အတွင်းရှိ သမိုင်း၀င်ကောင်းမှုလုံစေတီတော်သို့သွားရောက်ပြီး စေတီ တော်ဂေါပကများထံ ၀တ္တုအလှူငွေများကိုဆက်ကပ်လှူဒါန်းကာ ကောင်းမှုလုံစေတီတော်ခြံ၀င်းတွင် မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် မဟာရံအုတ်တံတိုင်း(၁၇)ခန်းနံရံပြိုကျပျက်စီးမှုအားပြန်လည်ပြုပြင်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်၀န်ကြီးနှင့် တာ၀န်ရှိသူများသည်  မချမ်းဘော့မြို့ ၊ ဂူဘားရိပ် သာဧည့်ခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ပြည်နယ်ဘဏ္ဍာ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေများဖြင့်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်နယ်၀န်ကြီးက ဘဏ္ဍာ ရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုက်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးတာဝန်ရှိသူများအား ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
          ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့-မန်စေ-မန်စေခွန်လမ်း (ပူတာအိုလွင်ပြင်ပတ် လမ်း)ပေါ်ရှိ  အရှည်(၂၄၀)ပေ နမ့်ပလန့်ချောင်းကူးသံကူကွန်ကရစ်တံတားတည်ဆောက်မည့်နေရာသို့ သွား ရောက်ပြီး  တံတားတည်ဆောက်ရေးလုပ်ငန်းများစတင်အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးသည်။
        အဆိုပါ ပူတာအိုလွင်ပြင်ပတ်လမ်းသည် လမ်းအရှည်(၂၅)မိုင်ရှိပြီး ယင်းလမ်းနှင့်တံတားများဆောင် ရွက်ပြီးစီးပါက မြို့နယ်အတွင်းရှိ ကျေးရွာ (၂၈)ရွာ၊ အိမ်ခြေ(၂၀၅၆)၊ လူဦးရေ(၁၀၉၄၀)ဦးတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသထွက်ကုန်များတင်ပို့ရာတွင် များစွာအကျိုးပြုမည့်အပြင် ဒေသ တွင်းခရီးသွားလုပ်ငန်းအတွက်များစွာအထောက်အကူပြုလာမည်ဖြစ်သည်။
      ထိုမှတဆင့်ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ဟိုခိုရပ်ကွက်ရှိ ဇေယျသိဒ္ဓိ‌ကျောင်းတိုက် ဆရာတော် အားဖူးမြှော်ကြည်ညိုကာ ၀တ္တုအလှူငွေများဆက်ကပ်လှူဒါန်းသည်။ထို့နောက် ပြည်နယ်၀န်ကြီးသည် ပူတာအိုမြို့ ထွေအုပ်ရိပ်သာ ဧည့်ခန်းမတွင် စီးပွားရေးရာ၀န်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲရာတွင်လည်းကောင်း၊ ဘဏ္ဍာ နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းများကိုလည်းကောင်း၊ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း၊အမိန့်ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်ကြရေးမှာကြားကာ ၀န်ထမ်းများ၏ဌာနလုပ်ငန်းဆောင် ရွက်ရာတွင်တွေ့ကြုံရသည့်အခက်အခဲများအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။