ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ပူတာအိုမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ ဆုံ၊ လမ်းတံတားလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ ပူတာအိုမြို့၌ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ ဆုံ၊ လမ်းတံတားလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွင်းဆင်းစစ်ဆေး

ပူတာအို ဇူလိုင် ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ရဲမှူးကြီး ကျော်ထွန်းတို့သည် ပူတာအိုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့် ဇူလိုင်(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီ ခန်းမ၌ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

 တွေ့ဆုံရာတွင် ပြည်နယ်စီးပွားရေးရာ၀န်ကြီး ဦးမျိုးဆွေက ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဌာနဆိုင်များအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်း ကမ်းများနှင့်အညီဖြစ်စေရေး၊လုပ်ငန်းလိုအပ်ချက်များကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်မီတင်ပြ ဆောင်ရွက်ကြ‌ရေးမှာကြားပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ရဲမှူးကြီး ကျော်ထွန်းက  ခရိုင်အတွင်း ဘဏ္ဍာနှစ်အလိုက် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ် မှတ်စံချိန်စံညွန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး‌အောင် ကြိုးပမ်းဆောင်ရွက်သွား‌ရေး၊ ထိုအပြင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများတွင်လည်း ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခေါင်လန်ဒီးက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသ ၀မ်းစာဖူလုံရေးနှင့် ပြည်နယ်၀န်ကြီးချုပ်ခရီးစဉ်အတွင်းလမ်းညွှန်မှာကြားချက်များအားအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်လိုအပ်ချက်များကိုရှင်းလင်းတင်ပြကြရာ ပြည်နယ် ၀န်ကြီးများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်စီးပွားရေးရာ၀န်ကြီးက နိဂုံးချုပ်အမှာစကားပြော ကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။

ထိုမှတဆင့် ပြည်နယ်၀န်ကြီးများသည်  မြို့နယ်ပြည်သူ့အားကစားကွင်း အနောက်ဘက်ပတ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် ပြည်နယ်ရန်ပုံ‌‌ငွေတွင်ထည့်သွင်းလျာထားဆောင်ရွက်နိုင်‌ပေးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။

      ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး၀န်ကြီး ရဲမှူးကြီး ကျော်ထွန်းသည် ပူတာအိုခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခေါင်လန်ဒီး၊ တာ၀န်ရှိသူများနှင့်အတူ  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်  ပူတာအို-လယ်မယ်ဝါချီ-နမ်ရှယ်ကော့-မန်စေ-မန်စေခွန် လမ်း(ပူတာအိုလွင်ပြင်ပတ်လမ်း)ပေါ်၌ ပေအရှည်(၂၄၀)ပေ နမ့်ပလန့်ချောင်း သံကူကွန်ကရစ်တံတား စီမံကိန်း ရှင်းလင်းဆောင်၌ ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦး၀င်းသန့်အောင်နှင့် တာ၀န်ရှိသူများက ပူတာအိုလွင်ပြင်ပတ်လမ်းအရှည်(၂၅) မိုင်တွင် ဘဏ္ဍာနှစ်အလိုက်အ‌ကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် အကောင်အထည်ဖော်ရန်ကျန်ရှိသည့်လမ်းပိုင်းနှင့်တံတားများအားရှင်းလင်းတင်ပြမှုအပေါ်လိုအပ်သည်များ ဖြည့် စွက်မှာကြားပြီး နမ့်ပလန့်ချောင်းကူးသံကူကွန်ကရစ်တံတားတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ပြည်နယ်၀န်ကြီးသည် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) တောင်ခြေရှင်းလင်းဆောင်သို့သွားရောက်ပြီး အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း(ရေခဲတောင်)သွားလမ်း အရှည်(၂၄)မိုင်တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများနှင့်လုပ်ငန်းလိုအပ်ချက်များ အားရှင်းလင်းတင်ပြရာ ပြည်နယ်၀န်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်း ရေခဲတောင်သွားလမ်းသည်   လမ်းအရှည်မှာ(၂၄)မိုင်ရှည် သောလမ်းဖြစ်ပြီး ကျေးရွာ(၈)ရွာ၊ အိမ်ခြေ(၃၈၂)အိမ်၊လူဦးရေ(၁၁၃၉)ဦးအားအကျိုးပြုမည့်အပြင် အဆိုပါလမ်း ပိုင်းဆောင်ရွက်ပြီးစီးပါက ရေခဲတောင်ခရီးစဉ်အဖြစ်  Eco Tourism လုပ်ငန်းအတွက် အထူးအရေးပါသောလမ်း တစ်လမ်းဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။