ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗလမင်းထင်တံတား၌ ပြည်သူများ အေးချမ်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးနှင့် တရားမဝင်ငွေကြေးကောက်ခံမှုများ မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁

          ကချင်ပြည်နယ်အတွင်း မြို့တော်မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်တို့ကို ဆက်သွယ်ထားသော ဗလမင်းထင်တံတား၌ အများပြည်သူအေးချမ်းလုံခြုံစွာဖြတ်သန်းသွားလာနိုင်ရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် လုံခြုံရေးဂိတ်များ ဖွင့်လှစ်ထားရှိမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရသည် ယနေ့ နံနက် (၁၀)နာရီ ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထိုသို့ ကွင်းဆင်းစစ်‌ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့် အတူ ဗလမင်းထင်တံတားရှိ ဝိုင်းမော်မြို့နယ်ဘက်ခြမ်း၌ လုံခြုံရေးရယူဆောင်ရွက်နေသော ဂိတ်များ၌ လုံခြုံရေးအဖွဲ့အစည်းများမှ လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မှု အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက် မှုအခြေအနေများကို မေးမြန်းစစ်ဆေးကာ ပြည်နယ်ဝန်ကြီးက အများပြည်သူအေးချမ်းလုံခြုံစွာ ဖြတ်သန်း သွားလာနိုင်ရေး၊ တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက် ကြရာတွင် တရားမဝင်ငွေကြေးကောက်ခံမှုမဖြစ်ပေါ်စေရေးကို အလေးအနက်ထားလိုက်နာ ဆောင်ရွက် ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။