ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် မြစ်ကြီးနားအကျဉ်းထောင်အတွင်း အကျဉ်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ်  ၂

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသ‌ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်‌ဆောင်ရွက်နိုင်ရေးအတွက် သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

          အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် အိမ်စောင့်အစိုးရ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရ မည့် လမ်းညွှန်မှာကြားချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းမှူးက တပ်မတော်အနေဖြင့် ပြည်နယ်အတွင်းကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အပြည့်အဝပါဝင်ကူညီ ဆောင်ရွက်နေမှုများ၊ အောက်စီဂျင်လိုအပ်ချက်အတွက် ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုများနှင့် ကာကွယ်ဆေးထိုးနှံပေးရေးကိုလည်း ကျန်းမာရေးဝန်ထမ်းများလိုအပ်ချက်ရှိသည့် မြို့နယ်များ တွင်တပ်မတော်မှအားဖြည့်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊အစိုးရအဖွဲ့နှင့်အပြည့်အဝပူးပေါင်း ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေ အနေများနှင့် ပြည်နယ်ကော်မတီမှ ခရိုင်၊ မြို့နယ်များအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ သည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင် (၄)ခရိုင်မှ ခရိုင်ကော်မတီဥက္ကဋ္ဌများ ခရိုင်များ အလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများ၊ ကိုဗစ်-၁၉ အတည်ပြုလူနာအဆောင်များနှင့် Quarantine Centre များတိုးချဲ့ဆောင်ရွက်ထားရှိမှု၊ အောက်စီဂျင်လိုအပ်ချက်၊ စေတနာ့ဝန်ထမ်း များ စည်းရုံးရှာဖွေပြီး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ ကာကွယ်ဆေးရောက်ရှိ ထိုးနှံပေး နိုင်မှုအခြေအနေများနှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် ဆေးဝါးများဝယ်ယူရရှိနိုင်မှုအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

          တင်ပြမှုများအပေါ် ပြည်နယ်ကော်မတီအဖွဲ့ဝင်များက လိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် သုံးသပ်ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက တပ်မတော်မှ ပူးပေါင်းဆောင်ရွက်သွား မည့်ကိစ္စရပ်များအပေါ် ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆေးဝါးများ ပြတ် လပ်မှုမရှိစေရေး ဆေးအရောင်းဆိုင်များ၊ ကိုယ်စားလှယ်များနှင့် အမြန်ဆုံးညှိနှိုင်းသွားရေး၊ လိုအပ် သည့် ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများကို အမြန်ဆုံးဖြည့်ဆည်းပေးရေးနှင့် ပြည်သူများအားလုံး ပါဝင်‌ရေးအတွက်အောက်ခြေအဆင့်ထိကွင်းဆင်းစည်းရုံးဆောင်ရွက်သွားရေးတို့အတွက်ပေါင်းစပ် ဆောင်‌ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားအကျဉ်း ထောင်၌ အကျဉ်းသူ ၁၇၀ ဦးနှင့် အကျဉ်းသား ၇၄၉ ဦးတို့အား ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac ဆေးများထိုးနှံပေးနေမှု အခြေအနေကို ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့်အကျဉ်းထောင်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် ကိုဗစ်-၁၉ ကာ ကွယ်ထိန်းချုပ်ရေးကုသရေးအတွက် အသုံးပြုနိုင်ရေးအတွက် အလှူရှင်များလှူဒါန်းပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကချင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်းမှ လှူဒါန်းသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ဗီတာမင်-ဒီ အားဖြည့် ဆေးရည် ၇၀ ဗူး ၊အောင်နန်းဗလီဂေါပကအဖွဲ့မှ အလှူငွေကျပ်သိန်း ၃၀ နှင့် အမဲသားသတ်လုပ် ငန်းလိုင်စင်အဖွဲ့မှ ငွေကျပ်သိန်း ၆၀ လှူဒါန်းမှုကို လက်ခံရယူခဲ့ကြသည်။