ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုကို လက်ခံရယူ

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား     သြဂုတ် ၃

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ထံသို့ ထိန်ချုံးခရိုင်ကုန်သည်ကြီး များအသင်းနှင့် ပြည်နယ် လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းတို့မှ အလှူငွေများပေး အပ်လှူဒါန်းမှုကို သြဂုတ် ၃ ရက် နံနက် ၁၁ နာရီခွဲတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ လက်ခံရယူခဲ့သည်။

          အလှူငွေများ လှူဒါန်းလက်ခံရရှိမှုနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထိန်ချုံးခရိုင်အနေဖြင့် မိမိတို့ ကချင်ပြည်နယ်၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တွင်အသုံးပြုရန်အတွက် အောက်စီဂျင်စက်များကိုပို့ဆောင်ပေးနေသည့်အပြင် အိမ်နီးခြင်းကောင်း ပီသစွာများစွာအထောက်အကူပေးသည့်အပြင် ယခုလိုလာရောက်ထောက်ပံ့သည့် ကျေးဇူးတင်ရှိ ကြောင်းနှင့် ပြည်နယ်အတွက် လာရောက်ထောက်ပံ့သူများအလုံးကို ပြည်နယ်သူ/သားများကိုယ် စား ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများထံ ထိန်းချုံးခရိုင်နိုင်ငံတကာ ကုန်သည်ကြီးများအသင်းမှ လှူဒါန်းသည့်ငွေကျပ်သိန်း ၁၀၀ ကို မြစ်ကြီးနားတာဝန်ခံဦးအောင်ဝင်း မှထောက်ပံ့ပေးအပ်မှုကို လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်အတွင်း ကိုဗစ် -၁၉ ရောဂါအတည်ပြုလူနာများကုသနိုင်ရေးအတွက် ထိန်ချုံးခရိုင်မှ မှာယူထားသည့် Oxygen Concentrator အလုံး ၅၀ အတွက် ငွေကျပ် ၅၃၀ သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းမှ လှူဒါန်းသည့် ငွေကျပ် ၁၃ သိန်းကို လက်ရွေးစင်အမျိုးသမီးကိုယ်စား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ က လက်ခံရယူခဲ့ကြသည်။

          အလားတူ နံနက် ၉ နာရီခွဲတွင် အစည်းအဝေးခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ နိုင်ငံတော်တာဝန်များကို ပိုမို လွယ်ကူ၊ လျင်မြန်၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့မှုများကို ရှင်းလင်းပြောကြားကာ ပြည်နယ်အစိုး ရအဖွဲ့ဝင်များအနေဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့်အတိုင်း ဝန်ကြီးဌာနများအလိုက် နိုင်ငံတော် မှချမှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြ ရေးနှင့် တာဝန်ခံမှု၊ တာဝန်ယူမှုအဆင့်ဆင့်ဖြင့်  မိမိတို့ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များ အပေါ် ရှင်းလင်းစွာသိရှိနားလည်ပြီး လျင်မြန်သွက်လက်စွာအကောင်အထည်ဖော်နိုင်ရေး မှာကြား ကာ ဝန်ကြီးဌာနများအလိုက် တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အကောင်အထည် ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။