ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဒေသ တွင်းစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဒေသ တွင်းစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံများသို့ သွားရောက်ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၅

          ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များ ရာနှုန်းပြည့်တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးတို့အတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်အတူ ဘက်စုံစိုက် ပျိုးမွေးမြူရေးခြံများနှင့် စိုက်ပျိုးရေးဦးစီးဌာနပိုင် ဝဥ စိုက်ပျိုးရေးခြံတို့ကို သြဂုတ် ၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူ ရေးခြံအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးမွေးမြူ ရေးခြံများမှထွက်ရှိသည့် အသီးအနှံအသားငါးများကို ဒေသတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များသာမက ပြည်သူများကိုပါ သက်သာသောဈေးနှုန်းဖြင့် ထုတ်လုပ်ရောင်းချပေးနိုင်ရေးနှင့် စိုက်ပျိုးမြေဧရိယာ များအပြည့်အဝစိုက်ပျိုးနိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သီးနှံပင်များစိုက်ပျိုး ထားရှိမှု၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့် တစ်ရှုး ငှက်ပျောပင်စိုက်ခင်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနပိုင် စိုက်ပျိုးရေးခြံအတွင်း ပြည်နယ်၏ စိုက်ပျိုး ရေးထုတ်ကုန်အဖြစ် စိုက်ပျိုးထုတ်လုပ်သွားမည့် ရော်ဘာပင်များအကြား ဝဥ ပျိုးပင်များ စမ်းသပ် စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ဂွသီး၊ ရွက်သီး၊ ဖူးတံသီးများဖြင့် အောင်မြင်ဖြစ်ထွန်းနေမှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံအတွင်းရှိ အစာစပ်စက်ရုံအတွင်း မွေးမြူရေးတိရိစ္ဆာန်များအတွက် အစာထုတ်လုပ်နေမှုအခြေအနေနှင့် ဝက်မွေးမြူရေးခြံ၊ နို့စားနွားမွေးမြူရေးခြံတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေးနှင့် ကုန် ထုတ်လုပ်မှုစွမ်းအား တိုးတက်မြင့်မားလာစေရေးတို့အတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြသည်။