ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များရှိ စေတနာ့ဝန်ထမ်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်များရှိ စေတနာ့ဝန်ထမ်းများနှင့် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ နှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၄

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အဖွဲ့အ စည်းအသီးသီးနှင့် ချိတ်ဆက်ပေါင်းစပ်မှု အားကောင်းခိုင်မာလာစေရေးအတွက် ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်သည် သြဂုတ် ၄ ရက်တွင် မြစ်ကြီးနားမြို့ပေါ် ကိုဗစ်-၁၉ အတည်ပြုလူနာ ဆောင်များသို့ သွားရောက်တွေ့ဆုံအားပေးပြီး စေတနာ့ဝန်ထမ်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအား ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ဆဒုံးဘွမ်အမျိုးသမီးဆောင်နှင့်  ဖုန်ဂမ်ရာဇီအမျိုးသားဆောင်များရှိ  ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိစောင့်ကြည့်မှုအခြေ အနေများနှင့် စေတနာ့ဝန်ထမ်းများအားတွေ့ဆုံ နေထိုင်စားသောက်မှုအခြေအနေနှင့် လိုအပ်ချက် များကို မေးမြန်းဆွေးနွေးကာ စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားရှိသည့် သူနာ ပြုသင်တန်းကျောင်း၊ သားဖွားသင်တန်းကျောင်းနှင့် ပညာရေးဒီဂရီကောလိပ် (၄)ထပ်ဆောင်တို့ အား သွားရောက်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများအား အားပေးစကားပြောကြားကာ ပြည်နယ် အစိုးရအဖွဲ့မှ လူနာများအတွက် အစားအသောက်ထောက်ပံ့ပေးနေမှုအခြေအနေနှင့် စေတနာ့ဝန် ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာများအ ကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေး မှုအသင်းအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေ များ၊ အစိုးရအဖွဲ့အနေဖြင့် အောက်စီဂျင်လုံလောက်မှုရှိစေရေး ဆောင်ရွက်နေမှုများနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကို အဖွဲ့အစည်းအသီးသီးမှ ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ကိုဗစ်-၁၉ ကူး စက်ပျံ့ပွားမှုနှုန်းလျော့ချနိုင်ရေးအတွက် ပိုမိုထိရောက်စွာအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးသည် မိမိတို့ အစိုးရတစ်ရပ်တည်းသာမက အဖွဲ့အစည်းအားလုံးနှင့် ပြည်သူ အားလုံးပူးပေါင်းပါဝင်မှသာ အကောင်းမွန်ဆုံးနှင့် အလျော့နည်းဆုံး ဖြတ်ကျော်သွားနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့်လည်း လိုအပ်သည်များ ပေါင်းစပ်ပံ့ပိုးကူညီပေးနိုင်ရေး အချင်းချင်းချိတ်ဆက်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေး မှူး၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်လင်းအောင်က ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ပြည်နယ်ဦးမှူး ဒေါက်တာတင့်နိုင်တို့က လတ်တလော ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေ အနေအတက်အကျနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားကြ သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်‌ရောက်လာကြသည့် လူမှုရေးအသင်းအဖွဲ့(၁၀)ဖွဲ့၊ ဘာသာရေးအဖွဲ့အစည်း(၂၂)ဖွဲ့နှင့် တိုင်းရင်းသားစေပေနှင့်ရိုးရာယဉ် ကျေးမှုအဖွဲ့ (၁၃)ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ပိုးသတ်ဆေးဘူးကြီးတစ်ဘူးစီ၊ နှာခေါင်း စည်း Mask ၂၄၀၀၀ ခု၊ PPE ဝတ်စုံ (၅၀၀)စုံနှင့် ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ် ခဲ့ကြသည်။

 ထို့နောက် တက်ရောက်လာကြသည့်ဘာသာ‌ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ပူးပေါင်း ဆောင်ရွက်ပေးရန် ကိစ္စရပ်များနှင့် အသင်းအဖွဲ့များအတွက် လိုအပ်ချက်၊ မြေပြင်လုပ်ငန်းဆောင် ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြကြသည်။

          ထို့နောက် ဘာသာရေးအဖွဲ့အစည်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများဆောင် ရွက်နေမှုကို လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ ၊ တိုင်းရင်းသား ရိုးရာစာပေနှင့်ယဉ်ကျေးမှုအသင်းများအနေဖြင့် စေတနာ့ဝန်ထမ်းလူငယ်များ ပူးပေါင်းပါဝင်ရေး အတွက် စည်းရုံးလှုံ့ဆော်သွားနိုင်ရေးနှင့် သင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ ပြည်သူများ အသိ ပေးနှိုးဆော်ခြင်းလုပ်ငန်းတွင် ဘာသာစကား ပေါင်းစုံထည့်သွင်းကြေညာရာတွင် သက်ဆိုင်ရာ ဘာသာစကားအလိုက် ကူညီပေးနိုင်ရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။