ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့ဟန်ယိသတ္တုထုတ်ကုန် ပစ္စည်းကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို လက်ခံရယူ

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးမြို့ဟန်ယိသတ္တုထုတ်ကုန် ပစ္စည်းကုမ္ပဏီလီမိတက်မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်းများ ပေးပို့လှူဒါန်းမှုကို လက်ခံရယူ

မြစ်ကြီးနား     သြဂုတ် ၆

          ကချင်ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက် မှ ပေးပို့လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများအား သြဂုတ် ၆ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်း၌ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူခဲ့သည်။

          ထိန်ချုံးမြို့ ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းသော ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ် ကုသရေးသုံးပစ္စည်းများ လက်ခံရယူရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးခရိုင်သည် မိမိတို့နှင့်အိမ်နီးချင်းကောင်းပီသ စွာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ယခုလို လက်တွဲကူညီပြီး ကာကွယ်ကုသရေး သုံးပစ္စည်းများ လှူဒါန်းပေးအပ်သည့်အတွက် ပြည်နယ်သူ/ သားများကိုယ်စား အထူးပင်ကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။

          ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိန်ချုံးပြည်သူ့အစိုးရ၊ ထိန်ချုံးမြို့ဟိန်ယိသတ္တု ထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက်မှ ပေးပို့လှူဒါန်းသည့် အောက်စီဂျင်လေထုတ်စက် ၅ ခု၊ အောက်စီဂျင်လေအိုး အလုံး ၄၀၊ Oxygen Flow Meter ၄၀ ခု၊ အောက်စီဂျင်လေအိတ် ၄၀၀ ခု၊ N95 နှာခေါင်းစည်း Mask ၂၀၀၀ ခု ၊ Surgical Mask ၃၀၀၀၀ ၊ PPE ဝတ်စုံ ၁၆၀၀ နှင့် ရာဘာလက်အိတ် ၁၅၀၀ ခုတို့ကို တာဝန်ခံကိုယ်စားလှယ်ဦးမြင့်ထွေးက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် က လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။

          ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးပို့လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ထိန်ချုံးမြို့ဟိန်ယိသတ္တုထုတ်ကုန်ပစ္စည်းကုမ္ပဏီလီမိတက်ကိုယ်စား တာဝန်ခံကိုယ် စားလှယ်က ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ပေးပို့ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ရပ်ကွက်ဈေး များတွင် စတုတ္ထအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်းလုပ်ငန်းကို ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်နှင့် ဒူကထောင်ရပ်ကွက် မနက်ဈေးများတွင်  ဈေး‌ရောင်း၊ ဈေးဝယ်ပြည်သူများအား  နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ ကြပြီး နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေးခဲ့ကြသည်။