ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ကုန်စည်တင်ပို့နိုင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ကုန်စည်တင်ပို့နိုင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၃

          ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာ-တရုတ်ကုန် စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ကုန်/ သွင်းကုန်များ တင်သွင်းနိုင်ရေး အတွက် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်‌ရေး လုပ်ငန်းကော်မတီနှင့် ကုန်သည် လုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လုပ်ငန်းကော်မတီနှင့် ကုန်သည်လုပ်ငန်းရှင်များအားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကန်ပိုက်တီနယ်စပ် မှတစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ စတင် ဆောင်ရွက် လာခဲ့ရာ မိမိတို့ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက် ဘဏ္ဍာငွေများရရှိလာနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ထို့အပြင် ပို့ကုန်/သွင်းကုန်များအတွက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တရားဝင်တင်ပို့ နိုင်ရေး နှစ်ဖက်သဘောတူ MOU ရေးထိုးဆောင်ရွက်နိုင်ရေးနှင့် ကန်ပိုက်တီနယ်စပ်ဂိတ်အပြင် လွယ်ဂျယ်၊ ပန်ဝါ၊ ဖီမော်နယ်စပ်ဂိတ်များ ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ အလားတူ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများရပ်ဆိုင်းမှုမရှိစေ ရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ကြပ်မတ် ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ကုန်သည်လုပ်ငန်း ရှင်များက နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပို့ကုန်/သွင်းကုန်များ တင်ပို့ခဲ့ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ တစ်ရှုးငှက်ပျောပို့ကုန်အပြင် ကျန်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်ရေးကိစ္စရပ်များ၊ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ စီမံဆောင် ရွက်ထားရှိမှုများ၊ ပို့ကုန်များ တင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီမှ ညှိနှိုင်းဆောင်ရွက်ပေးသွားရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေး ခဲ့ကြသည်။

 ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်း စဉ်ဆက် မပြတ်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်တရုတ်နိုင်ငံကုန်သည်အသင်းများနှင့် ညှိနှိုင်း၍ MOU ရေးထိုးနိုင်ရေး၊ ပို့ကုန်များ တိုးမြှင့်ပို့ဆောင်နိုင်ရေး၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်းအတွက် စစ်ဆေးကြပ်မတ်သွားမည့် စုပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ ခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။

 လုပ်ငန်းညှိနှိုင်းစည်းအဝေးတွင် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ ပြန်လည် နေရာချထားပြီး စခန်းပိတ်သိမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ စခန်းများပိတ်သိမ်းရေးအတွက် ပြောင်းရွေ့နေရာချထားပေးမည့်နေရာများတွင် နေအိမ်များ ပြုပြင်/အသစ်တည်ဆောက်ပေးနေမှုအခြေအနေများ၊ ရေ၊မီးနှင့်နေထိုင်စားသောက်မှု အဆင်ပြေစေရေး ထောက်ပံ့ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာပြည်သူများ၏ အ‌ရေးကိစ္စကြီး/ ငယ်မရွေး တာဝန်ယူကူညီဆောင်ရွက်ပေးနေကြသည့် ကော်မတီအဖွဲ့ဝင်များ အပါအဝင် ဘာသာရေးအသင်း အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် အစိုးရအဖွဲ့နှင့် လက်တွဲ၍ အတူတကွ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ် – ၁၉ရောဂါသည် ယခုလအစောပိုင်းမှစတင်ပြီး ကူးစက်မြန် အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကူးစက်မှုနှုန်း ပြန်လည်မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၊ထိန်းချုပ်စောင့်ကြည့်ရေးစင်တာများ၊ အောက်ဆီဂျင်လိုအပ်ချက်များပြည့်မီ စေရေး၊ ကာကွယ်ရေးသုံးပစ္စည်းများကို ကြိုတင်ပြင်ဆင်ပြီး အရေးပေါ်အခြေအနေတွင် ထိထိ ရောက်ရောက် တုံ့ပြန်ဆောင်ရွက်နိုင်ရေး စနစ်တကျဖြင့် လက်တွေ့အသုံးချနိုင်အောင် စီမံဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များအား စုဖွဲ့ထားရန်လို အပ်ပါကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကို လူထုပူးပေါင်းပါဝင်သည့် လူထုလှုပ်ရှားမှုအသွင်ဖြင့် တင်းတင်းကြပ်ကြပ်၊ လျင်မြန်စွာ ထိန်းချုပ်သွားနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး၊ ပြည်နယ် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်များအလိုက် Quarantine Centre များနှင့် ကုသရေး စင်တာများ ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရှိမှုများ၊ ကာကွယ်ရေးသုံးပစ္စည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းစုဖွဲ့ထားရှိမှုများနှင့် ကူညီထောက်ပံ့ပေးရန်ကိစ္စရပ်များ၊ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပြီးစီးမှု အခြေအနေများနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။