ကချင်ပြည်နယ်ဝန်ကြီးချုပ် ဥပုသ်စောင့်တည်နေကြသော အစ္စလာမ်ဘာသာဝင်များအား အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်း

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဥပုသ်စောင့်တည်နေကြသော အစ္စလာမ်ဘာသာဝင်များအား အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်း

မြစ်ကြီးနား     ဧပြီ ၁၂

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ရှိ မင်းရပ်ဗဟိုဗလီတွင် အစ္စလာမ်ဘာသာဝင်များ၏ ရာမဇာန်ဥပုသ်ကာလအတွင်း ဥပုသ်စောင့်တည်နေကြသော ဥပုသ်သည် များအား ဧပြီ ၁၁ ရက် ညနေ ၆ နာရီက ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး အာဟာရဖြည့်စွက်စာ များကို ဒါနပြုလှူဒါန်းခဲ့သည်။

          ထို့သို့ လှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးကျော်မင်းခိုင်တို့နှင့်အတူ မင်းရပ်ဗဟိုဗလီ(ဂျာမေ့အ်ဗလီကြီး) ၌ ဘာသာရေးခေါင်းဆောင်များ၊ ဥပုသ်သည်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ကာလအတွင်း ဒါနပြုလာရောက်လှူဒါန်းရခြင်းဖြစ်ကြောင်း ပြောကြားကာ သစ်သီးခြင်း၊ မုန့်ခြင်းများတို့ကို ပေးအပ်လှူဒါန်းကြပြီး ဥပုသ်သည်များအား ကြက်သားဒံပေါက်၊ အချိုရည်၊ ရေသန့်ဗူးများ ဒါနအဖြစ် လိုက်လံပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။