ပူတာအိုခရိုင်အတွင်း နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်း ပြည့်ထိုးနှံနိုင်ရေး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တာဝန်ရှိသူများနှင့်တွေ့ဆုံ

 ပူတာအိုခရိုင်အတွင်း နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးရာနှုန်း ပြည့်ထိုးနှံနိုင်ရေး ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တာဝန်ရှိသူများနှင့်တွေ့ဆုံ

ပူတာအို   ဧပြီ   ၉

            ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုနှစ် ဧပြီလကုန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် လုပ်ငန်းလိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဧပြီ(၈)ရက် မွန်းလွှဲ(၂)နာရီတွင်   ပူတာအိုခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ပူတာအိုမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ရိပ်သာဧည့်ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

            တွေ့ဆုံရာတွင်  ပြည်နယ်သယံဇာတရေးရာဝန်ကြီးက   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ် ငန်းအား ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းစီမံချက်များရေးဆွဲ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားရေး၊ကာကွယ်ဆေးသတ်မှတ်ကာလအမီ ရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်သွားနိုင်ရေး လုပ်ငန်းလိုအပ်ချက် များကိုတင်ပြကြစေလိုကြောင်းပြောကြားပြီး ခရိုင်/မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဉက္ကဌနှင့်အဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်မှုအခြေအနေ၊ ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိမှုအခြေအနေများ၊ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံ နိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်လိုအပ်ချက်များ၊အခက်အခဲများ၊ပံ့ပိုးကူညီပေးရန်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လုပ်ငန်းအောင်မြင်စွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။

            ထိုမှတဆင့်   ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို) ကျောင်း၌ ကျောင်းအုပ်ဆရာကြီး၊နည်းပြဆရာ ဆရာမများနှင့်သွားရောက်တွေ့ဆုံကာ ဆရာ ဆရာမများသည် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနေသောသူများဖြစ်သည့်အတွက်သင်ကြားရေးလုပ်ငန်းများနှင့်ပတ် သက်၍လိုအပ်ချက်များကိုပွင့်ပွင့်လင်းလင်းတင်ပြစေလိုကြောင်းအမှာစကားပြောကြားခဲ့သည်။

            ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(ပူတာအို)ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်သန့်က အစိုးရစက်မှု လက်မှုသိပ္ပံ(ပူတာအို)နှင့်အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)နှင့်စပ်လျဉ်းသည့် ကျောင်းဆိုင်ရာ အချက်အလက်များ၊သင်ကြားရေးလုပ်ငန်းလိုအပ်ချက်များအားရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနားလမ်းမှအစိုးရနည်းပညာအထက်တန်းကျောင်းသွားကျောက်ချောလမ်းအား ကွန်ကရစ် လမ်းအဖြစ်အဆင့်မြှင့်တင်လမ်းခင်းပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းတွက်ချက်၍တင်ပြသွားနိုင်ရေး ဌာန ဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။