ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဖြတ်စခန်းများမှ ဦးဆောင်ကျင်းပသည့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေးချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဖြတ်စခန်းများမှ ဦးဆောင်ကျင်းပသည့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဇွန် ၂၇

          အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူငယ်ပြုစုပျိုးထောင်ရေးနှင့် မူးယစ်ဆေးဖြတ်စခန်း (၇)ခုမှ ဦးဆောင်ကျင်းပသည့် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန် ၂၆ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီချုပ် ဦးခက်ထိန်နန် နှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြသည်။

          ရှေးဦးစွာ ပြိုင်ပွဲဝင်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဓမ္မဆရာများက ဆုတောင်းဆက်ကပ်ပေး ကြပြီး ကော်မတီအတွင်းရေးမှူးက ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က အားပေးအမှာစကားပြောကြားသည်။

          ယင်းနောက် နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးစခန်း (နန်ကျင်)နှင့် New Life (ဘဝအသက်တာသစ်)အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြရာ ဂရုဏာလက်လူငယ်ပြုစုပျိုးထောင်ရေးစခန်း (နန်ကျင်)အသင်းက ငါးဂိုး တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သည်။         

          ဆက်လက်၍ ဆုရအသင်းများအား ဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့က ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် နေရာအလိုက် အကောင်းဆုံးကစားဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များ၊ တတိယ နှင့် ဒုတိယဆုရအသင်းများအတွက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူတို့က တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဆုငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချူပ်က ပထမဆုရ ဘောလုံးအသင်းအတွက် တစ်ဦးချင်းလည်ဆွဲ ဆုတံဆိပ်၊ ဆုငွေနှင့် ဒိုင်းဆုတို့ကို အသင်းအုပ်ချုပ်သူ၊ နည်းပြနှင့် အသင်းသားများထံ ချီးမြှင့်ပေးအပ် ခဲ့သည်။

          အဆိုပါ ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်အတွင်းရှိ လူငယ်ပြုစုပျိူးထောင်ရေးနှင့် မူးယစ် ဆေးဖြတ်စခန်း(၇)ခုမှ တာဝန်ရှိသူများက ဘောလုံးပြိုင်ပွဲကျင်းပရေးကော်မတီဖွဲ့စည်းပြီး အားကစား ဖြင့် မူးယစ်ရန်စွယ်ကိုတွန်းလှန်ကြစို့ ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဇွန် ၁၃ ရက်နေ့မှစတင်၍ ဘောလုံး အသင်း (၇)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။