ကချင်ပြည်နယ်ဝန်ကြီးချုပ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် ဆရာ/ ဆရာမများနှင့် ချီဖွေနှင့်တနိုင်းခရိုင်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ် အင်ဂျန်းယန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် ဆရာ/ ဆရာမများနှင့် ချီဖွေနှင့်တနိုင်းခရိုင်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအား တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇွန် ၂၉

          ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်း အခြေခံပညာကျောင်းများသို့ တာဝန်ထမ်းဆောင်ရန်သွားရောက်ကြမည့် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ အား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၉ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အင်ဂျန်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများကို လိုအပ်သည့် ကျောင်းသုံးကိရိယာများ၊ ပညာရေးဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အခြေခံစားသောက်ကုန်များကို ယနေ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ဆရာ/ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင် ကြားနိုင်ရေးအတွက်ကိုလည်း အဖွဲ့အစည်းအသီးသီးနှင့် ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးထားပါ ကြောင်း၊ ပညာရေးနှင့်တည်ဆောက်မည့်အနာဂတ်နိုင်ငံ့သားကောင်းရတနာများမွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

          ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းကျောင်း(အင်ဂျန်းယန်)အတွက် သင်‌ထောက်ကူပစ္စည်းများနှင့် ရုံးသုံးပစ္စည်းများဝယ်ယူ ဖြည့်တင်းနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊  မြေက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဒုတိယတိုင်းမှူးတို့က  အခြေခံပညာမူလတန်းကျောင်း (အင်ဂိုင်းဂေါင်နှင့် အင်လော့ယန်) ကျောင်းများအတွက် ထောက်ပံ့ ငွေကျပ် ၅ သိန်းစီဖြင့် စုစုပေါင်းငွေကျပ် (၁၀)သိန်းနှင့် တိုင်းမှူးက ဆရာ/ဆရာမ (၁၆)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၄၀)၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲ၊ ဆား၊ အာလူး၊ ကြက်သွန်၊ ငါးပိ၊ ငါးခြောက် များကို အသီးသီးထောက်ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူးက မြို့နယ်အတွင်း သင်ကြားရေးလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်တာဝန်ထမ်း ဆောင်ကြမည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          အဆိုပါ အင်ဂျန်းယန်မြို့နယ်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အခြေခံပညာကျောင်း (၆)ကျောင်းရှိသည့်အနက် (၃)ကျောင်းသာဖွင့်လှစ်ထားပြီး ဇွန် ၃၀ ရက်တွင် ကျန်ရှိသည့် အခြေခံ ပညာကျောင်း (၃)ကျောင်း ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့နယ် ပညာရေးမှူးအပါအဝင် ဆရာ၊ ဆရာမ (၁၆)ဦးတို့အား ကား(၄)စီးဖြင့် ဂွေထုစက်လှေဆိပ်အထိ လိုက်ပါပို့ဆောင် ပေးသွားမည်ဖြစ်ကာ တစ်ဖက်ကမ်း ဂွေထုစက်လှေဆိပ်တွင်လည်း ဘာသာရေး ခေါင်းဆောင်များနှင့် ဒေသခံများက ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

          အလားတူ မွန်းလွဲ (၂)နာရီတွင် အဆိုပါဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကချင်ပြည်နယ်အတွင်း တိုးချဲ့ဖွဲ့စည်းသည့် ချီဖွေခရိုင်ရုံးနှင့် တနိုင်းခရိုင်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်ကြမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း/ အမှုထမ်းများအား တွေ့ဆုံအားပေးပြီး အခြေခံစား သောက်ကုန်များထောက်ပံ့ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ယခင် ခရိုင်(၄)ခု ဖြင့်ဖွဲ့စည်းထားရာမှ ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့တွင် မြစ်ကြီးနားခရိုင်အတွင်းရှိ တနိုင်းမြို့နယ်အား တနိုင်းခရိုင်အဖြစ်လည်းကောင်း၊ ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်တို့အား စုစည်း၍ ချီဖွေခရိုင် အဖြစ်လည်းကောင်း တိုးချဲ့ဖွဲ့စည်းလိုက်သည့်အတွက် ခရိုင် (၆)ခု တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့သို့ တိုးချဲ့ဖွဲ့စည်းလိုက်သည့် ခရိုင်များတွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် စားသောက်မှုအခက်အခဲ မရှိစေရန် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ကျဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များ၊ မိမိဌာန၏ ရည်မှန်းချက်များနှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အောင်မြင် အောင် ကြိုးပမ်းတာဝန်ထမ်းဆောင်ကြရေး၊ ကျန်းမာရေးနှင့် မိမိကိုယ်ကို လုံခြုံရေးအထူးဂရုစိုက်ကြ ရေးလိုအပ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က တနိုင်းခရိုင်ရုံးသို့ တာဝန်ထမ်းဆောင်ကြ မည့်ဝန်ထမ်း (၁၇)ဦးနှင့် ချီဖွေခရိုင်ရုံးသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်း (၁၇)ဦး စုစုပေါင်း ဝန်ထမ်း (၃၄)ဦးတို့အတွက် တစ်ဦးလျှင်ငွေကျပ် ၃၁၈၀၀ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၁၂၉၅၄၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်စသည့် အခြေခံစားသောက် ကုန်ပစ္စည်းများကို အသီးသီးထောက်ပံ့အပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ကြောင်း သိရှိရသည်။