ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးမျိုးစိုက်ထည့် ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးမျိုးစိုက်ထည့် ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား    သြဂုတ် ၂၄

          ပူတာအိုခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၃ ရက်တွင် ပူတာအိုမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်စံပြစိုက်ခင်းအခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ နံနက် ၇ နာရီခွဲတွင် ပူတာအိုမြို့ မြို့မဈေး၌ Mask Campaign ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိမ်း၊ ဌာနဆိုင်ရာများစုပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်များနှင့် လမ်း သွားလမ်းလာပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာဟောပြောခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် ဌာနဆိုင်ရာများအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

          ထို့နောက် ကောင်ကထောင်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်- မတ်ပန်ကွင်း (၁၃/၁၄)၊ ဦးပိုင် အမှတ် (၅/၆) မြေဧရိယာ ၁၀ ဧကပေါ်တွင်  စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ခင်းအတွင်း ဆင်းဧကရီ – ၃ မျိုးစပါးများ စိုက်ပျိုးထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ၌  မိုးစပါးရိတ် သိမ်းပြီးပါက ဆောင်းရာသီ သီးထပ်သီးနှံအဖြစ် ပဲပုတ်ပင်များစိုက်ပျိုးနိုင်ရေး ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်နှင့် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ဆက်လက်၍ လုံးဇွတ်ရပ်ကွက်ရှိ နမ့်ထွမ်ချောင်းအတွင်း ငါးလုပ်ငန်းဦးစီးဌာန၏ ငါးစား သုံးမှု ဖူလုံရေးနှင့် ငါးသယံဇာတတိုးပွား‌စေရေးအတွက် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက် ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေဝါငါးကြင်းနှင့် ငါးခုံးမ ငါးသားပေါက် ကောင်ရေ ၂၀၀၀၀ ကျော်ကို ချောင်းအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်၌ မြို့ဝင်လာသူ ခရီးသည်များ၊ ကုန်ကားများ အား ကိုဗစ်-၁၉ ရောဂါစစ်ဆေးနေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဂိတ် တာဝန်ကျဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ မူလာရှီးဒီကြိုးတံတားသို့ သွားရောက်ပြီး ကြိုးတံ တားကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးပြီး ဆွေးမြေ့နေသည့် သစ်သားကြမ်းခင်းများ လဲလှယ်၍ ပြုပြင် ထိန်းသိမ်းနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ထို့နောက် ပူတာအိုမြို့ အိုးအိမ်ဝန်ထမ်းအိမ်ရာ လေးထပ်အဆောက်အဦများတွင် Quar- antine Centre ဖွင့်လှစ်‌‌ဆောင်ရွက်ထားရှိမှုနှင့် အစိုးရနည်းပညာကျောင်းဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားစေလျက်ရှိသည့်စောင့်ကြည့်လျက်ရှိသည့် အဆောင်များကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က အဆောင်များ၌ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေး အပ်ခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာများအား အားပေးစကားပြောကြားခဲ့သည်။

          ဆက်လက်၍ ဒုတ္တန်ရပ်ကွက်၊ ရဝမ်ရိုးရာယဉ်ကျေးမှုကွင်းအတွင်းရှိ ရဝမ်ယဉ်ကျေးမှု ပြတိုက်၌ ပြတိုက်အတွင်းခင်းကျင်းပြသထားသည့် ရဝမ်တိုင်းရင်းသားတို့၏ ရှေးဟောင်းအသုံး အဆောင်ပစ္စည်းများ၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ရဝမ်းတိုင်းရင်းသားတို့ ဆင်းသက်လာသည့် သမိုင်း ကြောင်းများ၊ အနှစ် ၃၀၀ ရှိ ရဝမ်ရိုးရာမနောတိုင်တို့ကို ရဝမ်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်ထံ ရဝမ်ရိုးရာကောက်ညှင်းပလိုင်း၊ ရိုးရာအင်္ကျီတို့ဖြင့် ဂါဝရပြုအပ်နှင်း‌ပေးအပ်ကာ  ရဝမ်ယဉ်ကျေးမှုကွင်းအတွင်း လိုအပ်ချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူတို့က တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက် ပေးခဲ့ပြီး ရိုးရာယဉ်ကျေးမှုအဖွဲ့အတွက် ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ ကောင်ကထောင် ရပ်ကွက်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ပြည်နယ်အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေ GRF ဖြင့် ဆောင်ရွက်လျက်ရှိ သည့် ပူတာအို – အောက်ပါအင် – တုံလီထု – နမ်ထွမ်ခူးလမ်း ၁၄ မိုင်အနက် ၁ မိုင် ၄ ဖာလုံလမ်းအား ၁၂ ပေအကျယ် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံအတွင်း ဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြုများ ဆေးရုံဝန်ထမ်းများအား သွားရောက်တွေ့ဆုံအာပေးကာ ဆေးရုံအုပ်ကြီးအပါအဝင် ဆေးရုံဝန်ထမ်း များအတွက် ထောက်ပံ့ငွေကျပ် ၂၀ သိန်း ၅ သောင်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးရုံဝင်းအတွင်း အောက်စီဂျင် စက်ရုံတည်ဆောက်နိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးကာ မြေနေရာသတ်မှတ်ပေးခဲ့ ပြီး အခြေခံပညာအလယ်တန်းကျောင်း(မြို့မ) စာသင်ဆောင်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ များအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ မြို့မရပ်ကွက်အတွင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုကို လည်‌ကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ဇီထမ်းကျေးရွာ မြေဧရိယာဧက ၆၀ ပေါ်၌ ပူတာအိုနှင့် မချမ်းဘောမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ပြောင်းရွှေ့နေရာချထား ပေးသည့် အိမ်ရာစခန်းအတွင်း ခန်းမဆောင်၌ နေရပ်စွန့်ခွာမိသားစုများနှင့် တွေ့ဆုံပြီး အားပေး စကားပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက နေရပ်စွန့်ခွာမိသားစုများ အတွက် ဆန်အိတ် ၃၅ အိတ်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ် ခဲ့ကြပြီး ကျေးရွာအတွင်းရှိ အသက် ၁၀၀ ကျော် အဘွားတစ်ဦးအား သွားရောက်တွေ့ဆုံအားပေး ကာ ထောက်ပံ့ငွေကျပ် ၁ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ကျေးရွာအတွင်း မိသားစုများ၏ နေအိမ်ခြံဝင်းများတွင်း ရာသီ‌ပေါ်သီးနှံပင်များ စိုက်ပျိုးရှင်သန်စေရေး၊ အရိပ်ရသစ်ပင်ကြီးများ စိုက်ပျိုးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ယာယီတွဲဖက်မူလတန်းကျောင်းဖွင့်လှစ်သင်ကြား ရေးတို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် လီဆူရိုးရာယဉ်ကျေးမှုကွင်းအတွင်း လီဆူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး တာဝန်ရှိသူများ၏ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ တင်ပြ ဆွေးနွေးချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး ခရိုင်တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့အတွက် ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ညပိုင်းတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာခန်းမ၌ဆောင် ၌ ပူတာအိုမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများနှင့် တွေ့ဆုံပြီး ပူတာအို ဒေသအတွင်း ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုးအောင် မြင်ဖြစ်ထွန်းစေ ရေး၊ ကိုဗစ်-၁၉ကာလအတွင်း နေထိုင်စားသောက်မှုကုစားနိုင်ရေး နေအိမ်ခြံဝင်းများအတွင်း စိုက်ခြံများ ဖြစ်ထွန်းလာစေရေး ရာသီပေါ် ဟင်းသီးဟင်းရွက်မျိုးစေ့များ ဖြန့်ဝေထောက်ပံ့ပေးနိုင် ရေး၊ ဒေသတွင်း ဝဥ စိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေနှင့် ဆောင်းသီးနှံအဖြစ် စံပြပဲပုတ်စိုက်ခင်းများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှာကြားခဲ့သည်။