ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၄

          ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။

          အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ၏ အုပ်ချုပ်‌‌ရေးယန္တရားတွင် အဓိကမဏ္ဍိုင်ဖြစ်သော အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနအနေဖြင့် မူဝါဒ၊မျှော်မှန်းချက်၊ ရည်မှန်းချက် များချမှတ်ပြီး ပြည်သူများအတွက် ကြိုးစားဆောင်ရွက်လျက်ရှိနေသည်ကို အားလုံးအသိဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  ပြည်သူကို ဝန်ဆောင်မှုပေးရာမှာ ကိုယ်ကျင့်တရားကောင်းမွန် ရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ အဂတိတရားကင်းရှင်းရေးတို့ကို ရှေးရှုကာ အစဥ်အလာ ကြီးမားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ကောင်းမွန်စွာ ဆက်လက်ထိန်း သိမ်းသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအမှာစကားပြောကြားသည်။

          ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်အရပ်ရပ်ကို ထမ်းဆောင်ရာတွင် ခိုင်မြဲသောစိတ်ဓာတ်ဖြင့် ရဲဝံ့စွာဆောင်ရွက်ခဲ့ကြသော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်ခဲ့သည့် “ရဲဗလ” တံဆိပ်ကို ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များကို ထောက်ပံ့ပေးအပ်သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်တို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၏ သား/သမီးများ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ဝန်ထမ်းများ၊ ကွန်ပျူတာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများ၊ အမျိုးသား/အမျိုးသမီး ဖူဆယ်‌ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသော အသင်းများ၊ ပျော်ပွဲရွှင်ပွဲအဖြစ် လွန်ဆွဲပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ဂုဏ်ပြု ဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

        ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေး နှင့်ညွှန်ကြားရေးမှူးများက စာရိတ္တထူးချွန်ဝန်ထမ်းဆု၊ ခွင့်ခံစားခြင်းမရှိသည့်ဝန်ထမ်းဆု၊ သွေးလှူ ဒါန်းသူများအား ဂုဏ်ပြုဆု၊ ဝန်ထမ်းအိမ်ရာသန့်ရှင်းရေးဆုများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေးသင်တန်းများတွင် ထူးချွန်ဆုများရရှိခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများနှင့် အငြိမ်းစားအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ဂုဏ်ပြုအမှတ်တရ လက်‌ဆောင်များ ပေးအပ်ခဲ့ကာ ပြည်နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မွန်းလွဲ ၂ နာရီတွင် ၂၀၂၂ ခုနှစ်၊ တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

       ထိုသို့ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ၁၃၈၄ ခုနှစ် တန်ဆောင်တိုင် ပွဲတော်ကို ယခင်နှစ်များကဲ့သို့ ရိုးရာအစဥ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်‌ရေး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်နိုင်‌ရေး တန်ဆောင်တိုင် မီးထွန်းပွဲ၊ မီးမျှောပွဲများကို အများပြည်သူ‌ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဆပ်ကော်မတီ အသီးသီးအနေဖြင့် လုပ်ငန်းတာဝန်များအလိုက် စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန် လိုကြောင်းတိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာဆိုင် ရာတာဝန်ရှိသူများက တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီ အလိုက် တာဝန်ယူပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ စတုဒီသာကျွေးမွေးနိုင်ရေး စီမံ‌ဆောင်ရွက်ထားရှိ မှုများ၊ ဧရာဝတီမြစ်အတွင်းသို့ ရှင်ဥပဂုတ္တဖောင်တော်မျှောခြင်း၊ ဆီမီး ၁၅၀၀၀ ဖြင့် မီးမျှောပွဲ ထည့် သွင်းကျင်းပပြုလုပ်သွားမည့် အစီအစဥ်များ၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဥ်း၍ ဆွေးနွေး တင်ပြခဲ့ကြသည်။

          တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တန်ဆောင်တိုင်ပွဲတော်အား အနှစ်သာရရှိစွာဖြင့် ကျင်းပပြုလုပ်နိုင်‌ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။