ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ သင်တန်းဆင်းပွဲ၊ ကန်ပိုက်တီစီးပွားရေးနယ်မြေ စီမံကိန်းဇုန်နှင့် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ သင်တန်းဆင်းပွဲ၊ ကန်ပိုက်တီစီးပွားရေးနယ်မြေ စီမံကိန်းဇုန်နှင့် မြစ်ကြီးနားမြို့အား ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၂၅

          ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်တွင် ဖွင့်လှစ်လျက်ရှိသော တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက် ၈ နာရီခွဲက အဆိုပါ ပညာရေးဒီဂရီကောလိပ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်း ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာများကို လက်ဆင့်ကမ်း‌ပေးရန် လိုအပ်ပါကြောင်း၊ လူသားမျိုးနွယ် တစ်ခု ဖွံ့ဖြိုးတိုးတက်စေရေး အမြဲတမ်းသင်ယူနေသော မျိုးနွယ်စုဖြစ်ရန် အရေးကြီးပါကြောင်း၊ အမြဲ တမ်းသင်ယူနေသော သူများဖြစ်မှသာ သဘောထား၊ ခံယူချက်တွေ ပြောင်းလဲတိုးတက်လာမည်ဖြစ် သကဲ့သို့ မိမိတို့၏ လုပ်ငန်းစွမ်းရည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမ များအနေဖြင့် တိုင်းရင်းသားကလေးများ အတုယူနိုင်သော စံပြပုဂ္ဂိုလ်များဖြစ်လာအောင် ကျင့်ကြံနေ ထိုင်သွားကြရေးနှင့် မိခင်ဘာသာစကား စာပေကို လက်ဆင့်ကမ်း သင်ကြားပေးရုံသာမက မိမိတို့ စာပေအဆင့်အတန်းမြင့်မားလာစေရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးကိုလည်း ပါဝင်ဆောင်ရွက်ကြရ မည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာမြင့်က သင်တန်းဆင်း ဆရာ၊ ဆရာမများအတွက် လက်တွေ့လုပ်ငန်းခွင်တွင် လိုက်နာဆောင်ရွက်ရမည့် သင်ကြားသင်ယူမှု အခြေခံလိုအပ်ချက်များ မှာကြားပြီး သင်တန်းဆင်းဆရာ၊ ဆရာမများအတွက် သင်တန်းဆင်းလက် မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဒီဂရီကောလိပ်မှ နည်းပြ၊ ဆရာ၊ ဆရာမများက သင်တန်းဆင်းဆရာ၊ ဆရာမများ၏ တိုင်း ရင်းသားရိုးရာယဉ်ကျေးမှုအက ဖြင့် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ (၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်း‌ ဆောင်ရွက်မှုဇုန်တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ အဖွဲ့ဝင်များ၊ ကန်ပိုက်တီစီးပွားရေးဇုန် တည်ဆောက်မည့် မြန်မာဟိန်ရကုမ္ပဏီတို့နှင့် ပြည်နယ်ရင်းနှီး မြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၂)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် အဓိကကျသည့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေး ဇုန်တည်ဆောက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည်များကို  ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အကြံ ပြုဆွေးနွေးဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို‌နောက် ကော်မတီအဖွဲ့ဝင်များနှင့် မြန်မာဟိန်ရကုမ္ပဏီတာဝန်ရှိသူများက  ကန်ပိုက်တီ စီးပွားရေး နယ်မြေစီမံကိန်း မြေနေရာနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ကြီးဌာနမှ အကြောင်းပြန်ကြားလာမှုအပေါ် ဆွေးနွေးခြင်းနှင့် ကုမ္ပဏီတာဝန်ရှိသူက စီးပွားရေးနယ်မြေစီမံကိန်း ဆိုင်ရာ MoU ၊ MoA သဘောတူချက်များကို ရှင်းလင်းမှုအပေါ် အကြံပြုဆွေးနွေးခြင်းတို့ကို လုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် အဆိုပါ အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာပြီး ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။

ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြို့တော်မြစ်ကြီးနားအား အမြဲတမ်းသန့်ရှင်းသပ်ရပ်ပြီး ပန်းမြို့တော်အဖြစ် သာယာ လှပလာစေရေး၊ ခရီးသွားဧည့်သည်များ ဆွဲဆောင်နိုင်သော မြို့ပြတစ်ခုဖြစ်လာစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအပြင် ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်လာစေရေး ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ပန်းအလှပင်များ စနစ်တကျ ပြုစု ပျိုးထောင်သွားမည့် အစီအစဉ်များ၊ လမ်းလယ်ကျွန်းများနှင့် မြို့တွင်း အဓိကလမ်းများ၏ ဘေးဝဲယာ တွင် စနစ်တကျဖြင့် မြေယာရှုခင်း အလှပြုပြင်ခြင်း၊   ဒေသပန်းအလှပင်များ၊ အရိပ်ရပင်များ တိုးချဲ့ စိုက်ပျိုးသွားမည့် အစီအစဉ်များ၊ ပန်းခြံများ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုသုံးသပ်ရှင်းလင်းတင်ပြကြ သည်။

ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပန်းမြို့တော်အဖြစ် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများ အားလုံးပူးပေါင်းပါဝင်လာစေရေး စည်းရုံးဆောင်ရွက် သွားရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။