ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသတွင်း ဆန်ရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က  ပူတာအိုဒေသတွင်း ဆန်ရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ပူတာအို        သြဂုတ် ၂၆

          ပူတာအိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး နှင့် ဒေသတွင်း ပြည်သူများအတွက် ဆန်စားသုံးမှု ဖူလုံစေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု များကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် သြဂုတ် ၂၅ ရက်တွင် ပူတာအိုမြို့နယ်အတွင်း ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ပြီးစီးသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးဆောင် ရွက်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာ အဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီးဝင်းမင်းသိမ်း၊ ဌာနဆိုင်ရာများတာဝန်ရှိသူများနှင့် အတူ နံနက် ၈ နာရီတွင် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်းး  ခရိုင်အတွင်း ‌ကိုဗစ်-၁၉ ကာ ကွယ်ထိန်းချုပ်ကုသရေးအတွက် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အောက်စီဂျင် စက်ရုံအဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့မရပ်ကွက်ရှိ မြန်မာ့စီးပွား‌ရေး ဘဏ်တွင် ပင်စင်စားနိုင်ငံဝန်ထမ်းကြီးများအား ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပင်စင်လစာထုတ်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ပင်စင်ထုတ်ယူကြသည့် နိုင်ငံဝန်ထမ်းများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့သည်။

          ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် မြို့မ(၂)ရပ်ကွက်၌ ရပ်ကွက်တွင်းလမ်း (၆)လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်း ကျင်း လုပ်ငန်းဆောင်ရွက်နေမှု အပိုင်းများနှင့် ပတ်သက်၍  တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် ကြည့်ရှုစစ်‌ဆေးခဲ့ကြပြီး ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် ပူတာအို- မကျော့ဝါ-မာမူးလဲ ကျေးရွာချင်းဆက်လမ်း သဲကျောက်ခင်းခြင်းလုပ်ငန်း နှင့် နန်ဟော့ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအတွင်း ၁၄၀ ပေ၊ ၃၀ ပေ RC (၂)ထပ် ကျောင်းဆောင်သစ်တည်ဆောာက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အထက(ခွဲ)နန်ဟော့ကျောင်း ကျောင်းအုပ်နှင့် ဆရာမများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပါတိတ်ချောင်းပေါ်တွင် မန်စေကျေးရွာအုပ်စု၊ အောက်ဆန်ဂေါင်ကျေးရွာ၊ ဝါဆားကျေးရွာ၊ မန်စေကျေးရွာနှင့် မန်ပန်ကျေးရွာများအတွင်းရှိ စိုက်ပျိုးမြေဧက ၇၀၀ ကျော် အတွက် ရေပေးဝေလျက်ရှိသည့် နတ်ကန်တိုရေလွှဲဆည်နှင့် ဆန်ဂေါင်ရေလွှဲဆည်တို့မှ ရေယူ အဆောက်အအုံနှင့် ရေသွယ်မြောင်းများမှတစ်ဆင့် ရေပေးဝေနေမှုအခြေအနေတို့ကို ကြည့်ရှုစစ် ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်အနေဖြင့် ဒေသတွင်း ပြည်သူများဆန်ရိက္ခာဖူလုံမှု လိုအပ်ချက်ကြောင့်မြစ်ကြီးနားမှမှာယူဖြည့်တင်းလျက်ရှိကြောင်း၊ထို့ကြောင့်ဒေသတွင်း ဆန်ရိက္ခာ ဖူလုံစေရေး အတွက် စပါးစိုက်ပျိုးဧကများတိုးမြှင့်ဆောင်ရွက်နိုင်‌ရေးနှင့် စိုက်ပျိုးရေလုံလောက်မှု ရှိစေရေးတို့ကို လိုအပ်သည့် ရေအရင်းအမြစ်များကို စနစ်တကျစီမံခန့်ခွဲ၍ စီမံချက်ရေးဆွဲပြီး အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။   

          ယင်းနောက် အထက်ဆန်ဂေါင်ကျေးရွာ၌ ဒေသခံများအား အိမ်မွေးတိရိစ္ဆာန်မွေးမြူရေး အထောက်အကူပြုဆေးဝါးများ ပေးအပ်ခဲ့ကာ အဆိုပါကျေးရွာအတွင်း လျှပ်စစ်မီးလင်းရေး အတွက် ၁၁ KVA မီးလိုင်းသွယ်တန်းထားရှိမှုနှင့် ၁၀၀ KVA ထရန်စဖော်မာ ဆောင်ရွက်ထားရှိမှုတို့ ကို ကြည့်ရှုစစ်ဆေးပြီး ထိုမှတစ်ဆင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိ သည့် ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်းဖြစ်သည့် ပူတာအို – အထက်ဆန်ဂေါင် – ဇီယာထမ်းလမ်း (၂၄)မိုင်ကို မြေသားလမ်းဖောက်လုပ်လျက်ရှိရာ ၃ မိုင်မှ ၆ မိုင်အတွင်း ၃၄ ပေမြေသား အကျယ်ချဲ့ခြင်းလုပ်ငန်း နှင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ၃ မိုင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ် ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလမ်း ကြောင်းတစ်ခုဖြစ်ရာ အဆိုပါ လမ်းအား သတ်မှတ်ချိန်အမီ ပြီးစီးအောင်ဆောင်ရွက်သွားရေး မှာကြားခဲ့သည်။

ဆက်လက်၍ ပန်းလှိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဘုန်းတော်ကြီးထံ အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းပြီး ဓမ္မာရုံ၌ ရပ်ကွက်အတွင်းရှိ တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရေးလုပ်ကိုင်သူများနှင့်တွေ့ဆုံပြီး နေအိမ်ခြံဝင်းများတွင်း ရာသီပေါ်ဟင်းသီးဟင်းရွက်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ရာသီပေါ်သီးနှံများအား ဒေသတွင်း စားသုံးမှုဖူလုံရေးအပြင် တခြားဒေသ များသို့ တင်ပြရောင်းချနိုင်ရေး လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး ဟင်းသီး ဟင်းရွက်မျိုးစေ့များ၊ မွေးမြူ‌ရေးအထောက်အကူပြုဆေးဝါးများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပူတာအိုမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းအတွင်း ဒေသခံမိန်းကလေးများအား အခြေခံစက်ချုပ်ပညာသင်ကြားနေမှုကိုကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ငွေကျပ် ၃ သိန်းကို ထောက် ပံ့ပေးအပ်ကာ  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်း သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ ကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာဧည့်ခန်းမ၌ ပူတာအိုခရိုင်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပြီး ပြည်နယ် ဘဏ္ဍာ၊ ပြည်ထောင်စုဘဏ္ဍာများဖြင့် ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ သည့် ခရိုင်အတွင်း လမ်းတံတားစီမံကိန်းများနှင့် လျှပ်စစ်မီးဖြန့်ဝေပေးနေမှုအ‌ခြေအနေများ၊ စိုက်ပျိုးမြေဖော်ထုတ်ပြီးစီးမှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

          ယင်းနောက် ပူတာအိုမြို့ ထေရဝါဒသာသာနပြုဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာ‌တော်ထံ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်း ခဲ့ကြပြီး လုံးဇွတ်ရပ်ကွက်အတွင်း ဂျိမ်းဖောရိုးရာယဉ်ကျေးမှုနှင့်စာပေကော်မတီရုံး၌ ကော်မတီ အဖွဲ့ဝင်များ နှင့်တွေ့ဆုံပြီး ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။