ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အား မြစ်ကြီးနားမြို့ရှိ ဘွဲ့ခံပုဂ္ဂိုလ်၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက်ချီးမြှင့်အပ်နှင်း

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်အား မြစ်ကြီးနားမြို့ရှိ ဘွဲ့ခံပုဂ္ဂိုလ်၏ နေအိမ်သို့ သွားရောက်၍ လက်ဝယ်အရောက်ချီးမြှင့်အပ်နှင်း

မြစ်ကြီးနား     ဇန်နဝါရီ ၁၈

          (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌက ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ခဲ့ရာ အကြောင်းအမျိုးမျိုး ကြောင့် လူကိုယ်တိုင်တက်ရောက်ယူနိုင်ခြင်းမရှိခဲ့သည့် ကချင်ပြည်နယ်မှ ဘွဲ့ခံပုဂ္ဂိုလ်အား ကချင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇန်နဝါရီ ၁၈ ရက် မွန်းလွှဲ ၁ နာရီက ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်နှင့် ဘွဲ့လက်မှတ်ကို နေအိမ်အရောက် ချီးမြှင့်အပ်နှင်းခဲ့သည်။

          ထို့သို့ နေအိမ်အရောက်အပ်နှင်းရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် စည်သူဘွဲ့ရရှိသူ  ဗိုလ်မှူးကြီး(ငြိမ်း)လဖိုင်ခွန်နောင်(နိုင်ငံတော်ကောင်စီဝင်) ကိုယ်စား သမီးဖြစ်သူ ဒေါ်လဖိုင်နန်ဒွဲအား မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ ၎င်း၏မိသားစုနေအိမ်၌ သွားရောက်၍ ဂုဏ်ထူးဆောင်တံဆိပ် နှင့် ဘွဲ့လက်မှတ်ကို ချီးမြှင့်အပ်နှင်းခဲ့ကြပြီး ဂါဝရပြု ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရှိရသည်။