ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆပ်ကော်မတီ အသီးသီးတို့အား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ဆပ်ကော်မတီ အသီးသီးတို့အား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၁၉

          ကချင်ပြည်နယ်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးအတွက် ဘက်စုံ၊ ထောင့်စုံ မှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အားကစားဆပ် ကော်မတီအသီးသီးတို့အား ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီမှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်း အနားကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားကစား အောင်မြင်မှုသည် ပြည်နယ်၏ ဂုဏ်မြှင့် တင်ရေးကို တိုက်ရိုက်အထောက်အကူပြုလျက်ရှိသည့်အပြင် ပြည်နယ်သူ/ ပြည်နယ်သားများ၏ ထူးချွန်ထက်မြက်မှုနှင့် ထိုထူးချွန်ထက်မြက်မှုများကြောင့် ပေါ်ထွက်လာသည် ပုံရိပ်ကောင်းများကို တစ်နိုင်ငံလုံးသို့ ဖြန့်ကျက်ပျံ့နှံ့၍ သိရှိစေပါကြောင်း၊ ယနေ့ ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ပြု ချီးမြှင့်ခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် ပြည်နယ်၏ အားကစားအဆင့် အတန်းတိုးတက်မြင့်မားရေးကို သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ဆက်လက်ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်နန်ဆိုင်းနှင့် နယကအဖွဲ့ဝင်များ၊ ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မား ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အားကစားဆပ် ကော်မတီ (၃၃)ခုတို့မှ တာဝန်ရှိသူများထံ ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ ကြသည်။

          ကချင်ပြည်နယ်၏ အားကစားကဏ္ဍအနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်း ၆ ခု၊ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များစွာကို ဆွတ်ခူးရရှိခဲ့ ကြောင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးအမှတ် (၁/၂၀၂၃)သို့ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် ကျင်းပပြုလုပ်ခဲ့သည်။

          အစည်းအဝေးတွင် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ မြေလွတ်၊ မြေလတ်နှင့် မြေရိုင်းများနှင့် လယ်ယာမြေများကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားတင်ပြလာသည့် လုပ်ငန်းစာတွဲများကို ဆွေးနွေးဆောင်ရွက် ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဗဟိုကော်မတီ၏ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ဆွေးနွေးဆုံးဖြတ်သွားကြရန် လိုအပ်ကြောင်း၊ ထိုအပြင် လယ်ယာမြေများအပေါ် ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ အသုံးချမည့်ကိစ္စရပ်များအပေါ် မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက် သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အဖွဲ့အတင်းရေးမှူး၊ ပြည်နယ်လယ်ယာမြေစီမံခန်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ လျှောက်ထားတင်ပြလာသည့် လယ်မြေကို အခြားနည်းအသုံးပြုခွင့်၊ လယ်ယာမြေကို အခြားနည်းအသုံးပြုမှုအပေါ် လျှောက်ထားလာသည့် လုပ်ငန်းစာတွဲများနှင့် ပုံစံ(၇)ပျက်စီး/ ပျောက်ဆုံးမှုအပေါ် တင်ပြလျှောက်ထားလာမှု လုပ်ငန်းစာတွဲ များနှင့် စပ်လျဉ်း၍ ဗဟိုကော်မတီသို့ ထောက်ခံတင်ပြရမည့် ကိစ္စရပ်များနှင့် ပြည်နယ်အဖွဲ့မှ ဆုံးဖြတ်ပေးရမည့် ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်း စာတွဲ (၁)ခုချင်းအလိုက် အဖွဲ့ဝင်များနှင့်အတူ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။