ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်သည့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးမတည်သည့် လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးနှင့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     ဇန်နဝါရီ ၁၈

           နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည့် ကျေးရွာများတွင် လုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေများမတည် ထောက်ပံ့ထားရှိအခြေအနေနှင့် ဆက်လက်မတည်ထောက်ပံ့သွားမည့် လုပ်ငန်း များအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၈ ရက်  ၁၀ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမတည်  ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး  ၇ ဘီလီယံကို လုပ်ငန်းစီမံကိန်းကဏ္ဍများအလိုက် လွှဲပြောင်း မတည်ပေးနိုင်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိသည့် ရန်ပုံငွေများကို ထိရောက်စွာ ရင်းနှီး မတည်ပေးနိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများနှင့် ဝေးလံခက်ခဲသည့်ဒေသများအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး စနစ် တကျကွင်းဆင်းပြီး ဆက်လက်မတည်ထောက်ပံ့နိုင်ရေးနှင့် လုပ်ငန်းများ အောင်မြင်အောင်ဆောင် ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရန်ပုံငွေများ လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီးမတည်ပေးခဲ့မှုအခြေအနေများ၊ ဆက်လက်ရင်းနှီးမတည်နိုင်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်နှင့် ခရိုင်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် ခရိုင်၊ မြို့နယ်များရှိ ကျေးရွာများနှင့် သမဝါယမအသင်းစုများအတွက် ရင်းနှီးမတည်ငွေများ လွှဲပြောင်းပေး အပ်ခဲ့မှုအခြေအနေများ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ စီမံဆောင်ရွက်သွားမည့် အစီအမံနှင့် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည့် လုပ်ငန်းကဏ္ဍများအလိုက် အသီးသီးရှင်းလင်း တင်ပြ ခဲ့ကြသည်။

          တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေကြသည့် စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်တိုးတက်အောင်မြင်စေ‌ရေး ခရိုင်၊ မြို့နယ်များအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု၊ တိုးတက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး၍ လစဉ် အစီအရင်ခံတင်ပြ နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချူပ်သည် မွန်းလွဲ(၃)နာရီတွင် အဆိုပါခန်းမ၌ ဒေသတွင်းခရီးသွား ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကော်မတီ အဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ကြသည်။

          အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ကော်မတီမှ ဟိုတယ်၊ တည်းခိုရိပ်သာများနှင့် ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးနိုင် ခဲ့မှု စာရင်းများအရ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်/တည်းခိုရိပ်သာများနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာအခြေခံအဆောက်အဦများ သန့်ရှင်းသာယာလှပမှုရှိစေ‌ရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ အတွက် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ဝန်ထမ်းများ အဆင့်အတန်းမှီစွာ ဝန်ဆောင်မှုပေးနိုင် ရေး၊ ခရီးသွားဧည့်သည်များ လုံခြုံစိတ်ချရေး အထူးလိုအပ်ပါကြောင်း၊ ဒါအပြင် ခရီးစဉ်ဒေသသစ်များ ဖော်ဆောင်ရာတွင်လည်း ဦးစားပေးအလိုက် ရွေးချယ်သတ်မှတ်၍ အားသာချက်၊ အားနည်းချက်များ ကို လေ့လာဆန်းစစ်ကာ ဆက်စပ်ဌာနများ၊ ဒေသခံများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လို ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဒေသတွင်း ခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေး ရာဝန်ကြီး ဦးမျိုးဆွေက ဒေသတွင်း ခရီးသွားလုပ်ငန်းများအတွက် လုပ်ငန်းလိုင်စင်ခွင့်ပြုပေးနေမှုနှင့် ခရီးစဉ်ဒေသသစ်များ စီမံချက်ရေးဆွဲဆောင်ရွက်မှု အခြေအနေများ၊ ခရီးသွားဆိုင်ရာများကို ရှင်းလင်း တင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ် တာဝန်ခံ ဦးခိုင်ဦးက ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ကော်မတီ၏ (၄/၂၀၂၂) အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကော်မတီသို့ တင်ပြလျှောက် ထားလာသည့် ဟိုတယ်/တည်းခိုရိပ်သာ၊ ခရီးသွားလှည့်လည်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင် သက်တမ်းတိုးလျှောက်ထားလာမှုများအပေါ် ဆုံးဖြတ်ဆောင်ရွက်ပေးရန် ကိစ္စရပ်များကို တင်ပြရာ ပြည်နယ်ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

          ဆွေးနွေးဆုံးဖြတ်မှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ ခရိုင် အလိုက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာရေး လိုအပ်သည်များကို ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။