ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)/ဒုတိယဦးစီးမှူး ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအား တွေ့ဆုံဂုဏ်ပြုပြီး ရင်ထိုးတံဆိပ်များ တပ်ဆင်ပေး

 ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်(၁)/ဒုတိယဦးစီးမှူး ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအား တွေ့ဆုံဂုဏ်ပြုပြီး ရင်ထိုးတံဆိပ်များ တပ်ဆင်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၈

          ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှုထမ်းများအား အရည်အချင်းစစ် စာမေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ စာမေးပွဲတွင် စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၁)/ ဒုတိယဦးစီးမှူး ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအား ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက် နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဂုဏ်ပြုတွေ့ဆုံပြီး ရင်ထိုးတံဆိပ်များတပ်ဆင် ပေးခဲ့ကြသည်။

          ထိုသို့ ဂုဏ်ပြုတွေ့ဆုံရာတွင် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ် ရေးမှူး ဦးခင်မောင်လေးက ယနေ့ စီမံ(၁)/ဒုတိယဦးစီးမှူးရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသူများအနေ ဖြင့် လုပ်ငန်းခွင်အတွင်း လိုက်နာဆောင်ရွက်ရမည့် ဥပဒေ၊ နည်းဥပဒေများကို လေ့ကျင့်မှတ်သားပြီး ပြန်တမ်းဝင်အရာရှိအဆင့်ဖြစ်သည့် ဦးစီးအရာရှိများ ဖြစ်လာကြရန် ကြိုးစားကြစေလိုကြောင်း တိုက် တွန်းမှာကြားသည်။

          ထို့နောက် အရည်အချင်းစစ်စာမေးပွဲအတွက် မြန်မာစာနည်းပြဆရာအဖြစ် တာဝန်ယူကူညီ ဆောင်ရွက်ပေးခဲ့သည့် မြစ်ကြီးနားတက္ကသိုလ် မြန်မာစာဌာန၊ ဒုတိယပါမောက္ခက အရည်အချင်း စစ်စာမေးပွဲ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပြောကြားပြီး ပြည်နယ်အုပ်ချူပ်ရေးမှူး၊ ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများက စီမံ (၁)/ဒုတိယဦးစီးမှူးအောင်မြင်ခဲ့ကြသော အမှုထမ်း (၁၇)ဦးတို့အား ဒုတိယဦးစီးမှူး ရင်ထိုးတံဆိပ်များကို တပ်ဆင်ပေးခဲ့ကြရာ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ဆက်လက်၍ စီမံ(၁)/ဒုတိယဦးစီးမှူးအောင်မြင်ခဲ့ကြသော ဝန်ထမ်းများက စာမေးပွဲတွင် ပံ့ပိုးကူညီပေးခဲ့ကြသော နည်းပြဆရာ၊ ဆရာမများအား ဂါဝရပြုဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့ ကြကြောင်း သိရှိရသည်။