ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လိုအပ်ချက်များအား ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဝိုင်းမော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း လိုအပ်ချက်များအား ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား       ဇန်နဝါရီ  ၂၅

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေ ရင်းနှီးမတည်ပေးနိုင်ရေး ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက ဝိုင်းမော်မြိုနယ်အတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် ရပ်ကွက် (၁) အတွင်းရှိ ဦးရွှေကော်၏ မိသားစုတစ်ပိုင်တစ်နိုင် ပန်းပဲလုပ်ငန်းဖြင့် အိမ်သုံးပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ ရှမ်းမောင်နှမ နို့စားနွား မွေးမြူရေးလုပ်ငန်းနှင့် နွားစာအဖြစ်နေဗီယာမြက်များ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် ဦးလဖိုင်ခွန်ဆက်၏ ဒေသနွားမွေးမြူထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး တိရိစ္ဆာန်ဆေးဝါးများနှင့် ဖြည့်စွက်အဟာရစာများ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည့်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည့် ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာရှိ ဦးဥက္ကာတိုး သဘာဝသီးနှံများဖြင့် ဝိုင်ထုတ်လုပ်ရောင်းချနေမှုများနှင့် မိတူးလေး သဘာဝဝိုင် ထုတ်လုပ်ရောင်းချနေမှုအဆင့်ဆင့်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များ ကူညီ‌ထောက်ပံ့ဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။