ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်မြင့်မားလာစေရန် ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်မြင့်မားလာစေရန် ရင်းနှီးမတည်ထောက်ပံ့နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဇန်နဝါရီ ၂၆

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်စီးပွားမြှင့်တင်‌ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရန် ရန်ပုံငွေရင်းနှီး မတည်ပေးနိုင်ရေး ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်နှင့်  ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဝိုင်းမော်မြို့နယ် အမှတ် (၁) ရပ်ကွက်၊ (ထော့ရှယ်)စက်ယက္ကန်းရုံတွင် ရိုးရာအဝတ်အထည်များနှင့် အထည်အမျိုးမျိုး ယက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့်များ ကူညီ‌ထောက်ပံ့မှုများ ဆောင်ရွက် ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စက်မှုဇုံရပ်ကွက်ရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေဖြင့် ဒေသတွင်း ပထမဆုံးအဖြစ် နှစ်ဘက်ချောစာအုပ်များ ထုတ်လုပ်နိုင်ရေးအတွက် ဝယ်ယူထားသည့် စက္ကူစက်အသစ်များ တပ်ဆင်နေမှုနှင့် စက်ရုံလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ထပ်မံကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားခရိုင် ငြိမ်းချမ်းသာယာ ဘောလုံးကွင်း၌ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ကြီးမှူး၍ ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်၍ ဒုတိယအကြိမ်မြောက်ဒေသတွင်း ဘောလုံးအသင်း(၇)သင်းဖြင့် ပြုလုပ်ကျင်းပ လျက်ရှိသော မနောလိဂ်(အလွတ်တန်း) အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ (၉)ပွဲစဉ် အဖြစ် အော်စတား (All Star) အသင်းနှင့် ပူတာအို(PTO) အသင်းတို့၏ ယှဉ်ပြိုင်ကစား‌နေမှုကို တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပူတာအို (PTO) အသင်းအသင်းက (၂) ဂိုး (၁) ဂိုးဖြင့်အနိုင်ရရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက  အဆိုပါပွဲစဉ်အတွင်း man of the match ဆုရရှိသည့် ဘောလုံးကစားသမားနှင့် Fitness Dance ဖြင့် ဖျော်ဖြေခဲ့ကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြ‌ကြောင်း သိရှိရသည်။