ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်နေကြ သည့် ဘာသာရေးအဖွဲ့အစည်းများထံ ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်နေကြ သည့် ဘာသာရေးအဖွဲ့အစည်းများထံ ကာကွယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၁

          ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်  ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် ဘာသာရေးအဖွဲ့အစည်းများထံ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို သြဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၁ ရက်တို့တွင် ဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ သြဂုတ် ၃၁ ရက် နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း Mask များ လိုက်လံဖြန့်ဝေခဲ့ ကြပြီး နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါအကြောင်း အသိပညာပေး ခဲ့ကြပြီး အဆိုပါရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တောင် နေရပ်စွန့်ခွာပြည်သူများရှိရာစခန်းသို့ သွား ရောက်ပြီး မိသားစုများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။

          ထို့နောက် ညနေပိုင်းတွင် အောင်နန်းရပ်ကွက် RC အသင်းတော်မှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းသို့သွားရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် က စခန်းတာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးကာ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ကုသရေးလုပ်ငန်းများအတွက် ဆေးရုံကြီးနှင့် ချိတ်ဆက်ဆောင် ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၊ မျက်မှန် ၊ နှာခေါင်းစည်း Mask ၊ Hand Gel ဘူးများ၊ ဆပ်ပြာခဲများ၊ ခြေစွတ်များ၊ လက်အိတ်များနှင့် စေတနာ့ဝန်ထမ်းဆောင်ရွက်နေကြသူများအတွက် ထောက်ပံ့ငွေကျပ် ၁ သိန်း ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် ဒူကထောင်ရပ်ကွက်အတွင်းရှိ စိန့်ဂျိုးဇက်အသင်းတော်ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးဂေဟာဝင်းအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်‌ရှောက်ရေးစခန်း ဆောင်ရွက်ထားရှိမှု၊ စီတာပူရပ်ကွက် RC အသင်းတော် စခန်း၊ စီတာပူနှစ်ခြင်းအသင်းတော်စခန်း နှင့် အင်္ဂလိကန်အသင်းတော်စခန်းတို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ပြုစုစောင့်ရှောက် ရေးလုပ်ငန်းဆောင်ရွက်နေမှုများ အခြေအနေများကို စခန်းတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ နှင့် တွေ့ဆုံမေးမြန်းဆွေးနွေးကာ လိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပြီး စခန်းတစ်ခုခြင်းစီအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်း များအတွက် ထောက်ပံ့ငွေကျပ် ၃၅၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီခွဲတွင် နန်းကွေ့ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ ဆောင်ရွက် လျက်ရှိသည့် ကိုဗစ်-၁၉ အတည် ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်း၌ စခန်းတာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများအား လုပ်ငန်းဆောင်ရွက်နေမှုအပိုင်းများနှင့် အောက်စီဂျင်လိုအပ်ချက်အခြေ အနေတို့ကို မေးမြန်းဆွေးနွေးကာ စခန်းအတွင်းရှိ လူနာဆောင်များမှ လူနာများအား အားပေး စကားပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ‌ထောာက်ပံ့ပေးအပ်ခဲ့ကြသည်။