ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     စက်တင်ဘာ ၁

          ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ် နှံမှုကော်မတီအစည်းအ‌ဝေး (၅/၂၀၂၁)ကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကာလအလွန် ပြည်နယ်၏ စီးပွားရေးကို ကုစားနိုင်ရေးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ချိတ်ဆက်၍ ဖိတ်ခေါ်‌ ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက် ၍ လျှောက်ထားတင်ပြလာမှုများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ ခွင့်ပြုဆောင်ရွက်ပေးရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်မိုးက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ကော်မတီအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်အစား စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေအား အစားထိုးဖွဲ့စည်းခွင့်ပြု နိုင်ရေးနှင့် ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသွားမည့် ပန်ဝါရွှေဝါကုမ္ပဏီလီမိတက်၏ တစ်ရှူးစက္ကူ ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး မြေအသုံးပြုခွင့်အပေါ် သဘောထားမှတ်ချက်တောင်းခံ လာမှုနှင့် ပတ်သက်၍ တင်ပြရာ ပြည်နယ်ကော်မတီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေ၊ နည်းဥပဒေပါအချက်များနှင့်အညီ သုံးသပ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများ၊ မြေ ယာကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာအလိုက် ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခွင့်ပြုပေးနိုင်ရေး ကော်မတီအဖွဲ့ဝင်များအကြား ညှိနှိုင်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။