ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် နယ်စပ်ကုန်စည်စီးဆင်းမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရေကူးအားကစားမြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် နယ်စပ်ကုန်စည်စီးဆင်းမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရေကူးအားကစားမြှင့်တင်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၂

          ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာ စေရေးနှင့် စိုက်ပျိုး‌ရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ်ကုန်စည်စီးဆင်းမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ စေတနာ့ဝန်ထမ်းအသင်းအဖွဲ့များထံ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတို့ကို စက်တင်ဘာ ၂ ရက်တွင် ဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့နှင့်အတူ ကချင်တိုင်းရင်းသားအများပိုင်ကုမ္ပဏီ၊ ပြည်နယ်ကုန်စည်ပို့ဆောင် ရေးအသင်း၊ ပြည်နယ်သီးနှံထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ပြည်နယ် အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့်စိုက်ပျိုး ရေးထုတ်ကုန်များနှင့် ပတ်သက်၍ နယ်စပ်ကုန်စည်စီးဆင်းမှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ပြန်လည်စတင်နိုင်ရေး အတွက် ယူနန်ပြည်နယ်နှင့် ညှိနှိုင်းဆောင်ရွက်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆက်လက်ဆောင်ရွက် နိုင်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် စီတာပူရပ်ကွက်အတွင်း ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအဖြစ် ပါဝင် ကူညီဆောင်ရွက်နေကြသည့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအဖွဲ့ဝင်များ အား ကိုဗစ် – ၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

          ယင်းနောက် မွန်းလွဲပိုင်းတွင် ဧရာရပ်ကွက်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းများအဖြစ် လူငယ်များအား စုစည်းဆောင်ရွက်ပေးနေသည့် စန်း-ကချင်(CERN-Kachin)အဖွဲ့များနှင့် တွေ့ဆုံအားစကားပြောကြားပြီး ကာကွယ်ရေးသုံးပစ္စည်း များနှင့် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး လယ်ကုန်းရပ်ကွက်၊ အမှတ် (၁၂)အခြေခံပညာအထက်တန်း ကျောင်း(ဇီးလွန်)၌ ပေါ်ဦးဆရာတော်ဦးဆောင်ဖွင့်လှစ်ထားသည့် မဟာဂရုဏာ ကိုဗစ်-၁၉ ကုသ ရေးစင်တာတွင် ဦးဆောင်ဆရာတော်နှင့် စေတနာ့ဝန်ထမ်းများထံ ကိုဗစ်-၁၉ ကာကွယ်ရေး သုံးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

          ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီတာရပ်ကွက်၊ ရုံးကြီးလမ်းနှင့် သခင်နက် ဖေလမ်းထောင့်ရှိ ရေကူးကန် အဟောင်း ၈၀ ပေ၊ ၄၀ ပေအား ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ ကချင်ပြည်နယ်၏ ရေကူးအားကစားအဆင့်မြင့်မားလာစေရေးနှင့် လေ့ကျင့်ရေး ကန်တစ်ကန်အဖြစ် ရေကူးကလပ်အသင်းများဖြင့် လေ့ကျင့်ဆောင်ရွက်နိုင်ရေး ရေကူးကန်ကြမ်း ခင်းနှင့် နံရံကြွေပြားခင်းခြင်း၊ လျှောက်လမ်းကြွေပြားခင်းခြင်းနှင့် ဒိုင်ပင်စင်သစ်သားပြားလဲခြင်း၊ ဆေးသုတ်ခြင်း၊ ရေသွင်းရေထုတ်သန့်ရှင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကလေးရေကူး ကန်တည်ဆောက်သွားမည့်အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်ဦးစီးမှူး၏ ရှင်းလင်းတင်ပြ ချက်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ရေကူးအား ကစားအဆင့်အတန်းမြင့်မားလာစေရေးနှင့် အများပြည်သူအတွက် ဈေးနှုန်းသက်သာစွာ ရေကူး အပန်းဖြေနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြားခဲ့သည်။