မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရပ်ကွက်၊ကျေးရွာ အုပ်စုများ အလိုက် ဖွင့်လှစ်ထားဆောင်ရွက်ထားသည့် ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ လိုက်လံထောက်ပံ့ပေးအပ်

 မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရပ်ကွက်၊ကျေးရွာ အုပ်စုများ အလိုက် ဖွင့်လှစ်ထားဆောင်ရွက်ထားသည့် ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ လိုက်လံထောက်ပံ့ပေးအပ်

မြစ်ကြီးနား     စက်တင်ဘာ ၃

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များ၊ ဘာသာရေး အဖွဲ့အစည်းများနှင့် ရပ်ကွက်များအလိုက် စေတနာ့ဝန်ထမ်းအစုအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘာသာရေး အဖွဲ့အစည်းများမှ ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နောင်နန်းကျေးရွာအုပ်စု၊ နောင်နန်းကျေးရွာရှိ တြီနီတီနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းအတွင်း နောင်နန်းကျေးရွာ၊ ပလန ကျေးရွာများအတွင်းမှ ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်‌ရှောက်ရေးစခန်းဖွင့်လှစ်ထားရှိမှု အခြေအနေကို တာဝန်ရှိသူများနှင့် မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ယခုလို ဘာသာရေးအဖွဲ့အစည်း အသီးသီးမှ စေတနာ့ ဝန်ထမ်းလူငယ်များစုဖွဲ့၍ ပူးပေါင်းပါဝင်ဆောင်ရွက်လာသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူး အထူးတင်ရှိသည့်အပြင် မိမိတို့ စုဆောင်းထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို လည်း အတူတကွ မျှဝေသုံးစွဲနိုင်ရေး ယခုလို လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စခန်းအတွင်းရှိ လူနာများအား အားပေးစကားပြော ကြားခဲ့ပြီး တာဝန်ရှိသူများထံ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် စေတနာ့ဝန်ထမ်းများ အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် မန်ခိန်ရပ်ကွက်အတွင်းရှိ ပထမလီဆူနှစ်ခြင်းအသင်းတော်ဘုရားကျောင်းဝင်း အတွင်း ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းသို့ သွား ရောက်ပြီး အသင်းတော်တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ အား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ကိုဗစ် – ၁၉ ကာကွယ်ရေးသုံးပစ္စည်းများ နှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။