ကချင်ပြည်နယ်ဝန်ကြီးချုပ်က လယ်ကုန်းဇီးအွန် IDPs စခန်းနေမိသားစုများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ ဆန်၊ စားနပ်ရိက္ခာများနှင့် အိမ်မွေးဝက်သားပေါက်များ ထောက်ပံ့

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က လယ်ကုန်းဇီးအွန် IDPs စခန်းနေမိသားစုများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ ဆန်၊ စားနပ်ရိက္ခာများနှင့် အိမ်မွေးဝက်သားပေါက်များ ထောက်ပံ့

မြစ်ကြီးနား     စက်တင်ဘာ ၅

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန်နေရပ်စွန့်ခွာအိမ်ထောင်စုများ နေထိုင်ရာ IDPs စခန်း သို့သွားရောက်ပြီး ထောက်ပံ့ပေးအပ်မှုများ ဆောင်ရွက်ခဲ့သည်။

          ဇီးအွန် IDPs စခန်း၌ စခန်းတာဝန်ရှိသူများ၊ နေရပ်စွန့်ခွာပြည်သူများ မိသားစုများနှင့်တွေ့ ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း IDPs စခန်းနေပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးနှင့် တစ်ပိုင်တစ်နိုင် အိမ်မွေးတိရိစ္ဆာန်များ မွေးမြူနိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို လာရောက်ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် မိသားစု များအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို အထူးဂရုပြုကာကွယ်ကြရန်လိုကြောင်းနှင့် လိုအပ်သည် များကို မိမိတို့အနေဖြင့် တတ်နိုင်သလောက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း အားပေးပြော ကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက စခန်းနေမိသားစုများအတွက် ဆန်အိတ် ၂၀ အိတ်နှင့် အသင့်စားခေါက်ဆွဲခြောက်များ၊ ကြက်ဥ အလုံး ၂၀၀ ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ ၅၀ စုံ၊ လက်အိတ် ၅၀၀ စုံ၊ နှာခေါင်းစည်း Mask ၅၀၀ ခု၊ ကိုယ်တိုက်ဆပ်ပြာ ၅ ဖာ၊ အိမ်မွေးဝက်သားပေါက် ၆ ကောင်နှင့် အိမ်မွေးတိရိစ္ဆာန်အထောက်အကူပြုဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အထောက်အကူပြုဆေးဝါးများ သုံးစွဲပုံ သုံး စွဲနည်းနှင့် အကျိုးပြုပုံတို့ကို ရှင်းလင်းပြောကြားခဲ့ရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဗေသလနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်း၌ အသင်းတော်တာဝန်ရှိသူများ၊ အမှုဆောင်များနှင့် သွားရောက်တွေ့ဆုံ အားပေး စကားပြောကြားပြီး အသင်းတော်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ထောက်ပံ့ ပေးအပ်ကာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ ပံ့ပိုးကူ ညီဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။