ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် PCR နည်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေရေးစက် လွှဲပြောင်း/ လက်ခံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် PCR နည်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေရေးစက် လွှဲပြောင်း/ လက်ခံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၄

          ကချင်ပြည်နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် PCR နည်းစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးစက် လွှဲပြောင်း/လက်ခံဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းဆွေးနွေးခြင်းကို စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ကျင်းပြုလုပ်သည်။

          ကိုဗစ်-၁၉ ကာကွယ်ဆေးများနှင့် ရောဂါရှာဖွေရေးစက် လွှဲပြောင်း/လက်ခံဆောင်ရွက်သွား မည့် အစီအစဉ်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အိမ်နီးချင်းကောင်းပီသစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် စဉ်ဆက်မပြတ် လှူဒါန်းပေးသည့်အပြင် မိမိတို့မှ မှာယူသည့် ပစ္စည်းများကို လွယ်ကူ လျင်မြန်စွာ ပို့ဆောင်ပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့ ပေါင်စန်းပြည် နယ်ခွဲမှ လှူဒါန်းလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စနစ်တကျလက်ခံ၍ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေး၊ စိုက်ပျိုးရေးအလုပ်သမားများအပါအဝင် ပါဝင်ပတ်သက် သည့်အဖွဲ့အစည်းများအားလုံးကို ဦးစားပေးအလိုက် ထိုးနှံပေးသွားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ရှာဖွေရေးစက်ကို လွှဲပြောင်းလက်ခံပြီး ဆောင်ရွက်သွားမည့်် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးကြ စေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်သီးနှံစိုက်ပျိုးထုတ် လုပ်သူများအသင်းနှင့် ပြည်နယ်ကုန်စည်ပို့ဆောင်ရေးအသင်းတို့မှ တာဝန်ရှိသူများနှင့် ပေါင်စန်း ပြည်နယ်ခွဲမှ ပေးပို့လှူဒါန်းလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၁၅၀၄၀၀ ကို စနစ်တကျ စစ်ဆေးလက်ခံသွားနိုင်ရေး၊  မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် စနစ်တကျ ခွဲဝေထိုးနှံပေး သွားနိုင်ရေး၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများနှင့် ၎င်းတို့နှင့် ဆက်စပ်သည့် ပါဝင်သည့် ပါဝင်ထိုက်သူများအားလုံး ထိုးနှံပေးနိုင်ရေး၊ PCR စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါစစ်ဆေး နိုင်သည့်စက်အား လွှဲပြောင်း/လက်ခံပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံအတွင်း ထားရှိစစ်ဆေးဆောင် ရွက်မည့် လုပ်ငန်းများအတွက် သင်တန်းပေးနိုင်ရေးတို့ကို ပွင့်လင်းရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြ သည်။

          ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်က တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းလာမည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများတွင် အဓိက ပါဝင်ဆောင်ရွက်နေသူများ ကျန်ရှိမှုမရှိစေရေး သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ စာရင်းကောက်ယူပြီး စနစ်တကျ ထိုးနှံပေးနိုင်ရေး နှင့် ကိုဗစ်-၁၉ ရောဂါရှာဖွေရေးစက်ကိုကျွမ်းကျင်စွာ အသုံးပြုနိုင်ရေးအတွက် ပေါင်စန်းပြည်နယ်ခွဲ မှကျွမ်းကျင်ပညာရှင်များနှင့် ချိတ်ဆက်၍ အမြန်ဆုံးသင်တန်းတက်ရောက်နိုင်ရေးတို့ကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။