ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပရဟိတအသင်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် IDPs စခန်းများသို့ ရိက္ခာခြောက်များ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပရဟိတအသင်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် IDPs စခန်းများသို့ ရိက္ခာခြောက်များ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၁၃

          ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ မင်းရပ်ဗဟိုဗလီ၌ အကျိုးဆောင်မွတ်စလင် လူငယ်ပရဟိတအသင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း နှင့် IDPs စခန်းများသို့ ရိက္ခာခြောက်များ သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးမျာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်ရှိ မင်းရပ်ဗဟိုဗလီ၌ ဘာသာရေးခေါင်းဆောင်များ၊ အကျိုးဆောင်မွတ်စလင်လူငယ်ပရဟိတအသင်းတို့မှ တာဝန်ရှိသူ များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြသည့်အတွက် မှတ်တမ်း တင်ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်သည့် ပံ့ပိုးကူညီမှုများကို အဆက်မပြတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး အသင်းအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။           ထိုနောက် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန် IDPs စခန်း၌ နေရပ်စွန့်ခွာ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကာ စခန်းနေမိသားစု များအတွက် နေထိုင်စားသောက်မှု အထောက်အကူဖြစ်စေရေး ခေါက်ဆွဲခြောက်ဖာများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ထိုမှတစ်ဆင့် ဂျာမိုင်ကောင်း IDPs စခန်းသို့ ဆက်လက်သွားရောက်ခဲ့ ပြီး စခန်းနေမိသားစုများအား အားပေးစကားများပြောကြားခဲ့ကာ စခန်းအတွက် ခေါက်ဆွဲခြောက် ဖာများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး စခန်းအတွင်းရှိ ပြည်သူများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး၊ အမျိုးသားမှတ်ပုံတင်နှင့် အိမ်ထောင်စုဇယားရရှိရေးတို့ ကို ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သည်။