ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ ပြန်လည်နေရာချထားမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ ပြန်လည်နေရာချထားမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၃

          ကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ ပြန်လည်နေရာချထားမှုလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ၏ လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေး နှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နေရပ်စွန့်ခွာပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့် ဂုဏ် သိက္ခာရှိစွာဖြင့် ဘေးကင်းလုံခြုံစွာနေရပ်ပြန်ရေးကို သတ်မှတ်စံချိန်စံညွှန်းများကို အခြေခံ၍  အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပိတ်သိမ်းမည့် စခန်းများကို စနစ်တကျ စာရင်းကောက်ယူပြီး ပြန်လည်နေရာချထားပေးမည့် နေရာများကို စိစစ်ရွေးချယ်၍ လိုအပ်သည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ရေးကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း၊ ကော်မတီအဖွဲ့ဝင်များအနေဖြင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည် ချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လက်တွေ့ကျကျအကောင်အထည်ဖော် ဆောင်ရွက်သွားရေး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်များအတွင်းရှိ IDPs စခန်းများမှ ပြည်သူများ ပြန်လည်နေရာချထားပြီးစီးမှု အခြေအနေနှင့် ဆက်လက်နေရာချထားပေး စီစဉ်ဆောင်ရွက်ထားရှိမှုများနဲ့ ပတ်သက်၍ ရှင်းလင်း တင်ပြပြီး ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများက ပြည်နယ်အတွင်းရှိ နယ်မြေလုံခြုံ‌ရေးအခြေအနေအရ ခိုလှုံနေထိုင်နေ သော စခန်းများနေ မိသားစုများ ရွှေ့ပြောင်းနေရာချထားပေးမှု၊ ထပ်မံရွှေ့ပြောင်းရွှေ့နေရာချထား ရေးစီမံဆောင်ရွက်ထားရှိမှုနှင့် မူလနေရပ်များတွင် ပြန်လည်နေထိုင်ရေး မိုင်းရှင်းလင်း‌ရေးလုပ်ငန်း များ ဆောင်ရွက်နေမှုအခြေအနေနှင့် နေအိမ်များပြုပြင်ဆောက်လုပ်ရေးစီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြကြ သည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နေရပ်စွန့်ခွာမိသားစုများ လက်ရှိနေ ထိုင်ရာယာယီစခန်းများမှ ရွှေ့ပြောင်းနေရာချထားပေးနိုင်ရေးအတွက် လိုအပ်သည့် မြေနေရာ၊ နေအိမ်အဆောက်အဦများ ဆောက်လုပ်ပေးနိုင်ရေး၊ မူလနေရပ်ကျေးရွာများတွင် နေရာချထားပေး နိုင်ရေးအတွက် လိုအပ်သည့် မိုင်းရှင်းလင်းရေးဆိုင်ရာကိစ္စရပ်များ၊ နေအိမ်အဆောက်အအုံများ ပြင်ဆင်ဆောက်လုပ်နိုင်ရေးတို့အတွက် မြေပြင်အခြေအနေကို ကွင်းဆင်းစစ်ဆေး၍ အမြန်ဆုံး ဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။