ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းမှုကို လက်ခံ ရယူပြီး ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ လှူဒါန်းမှုကို လက်ခံ ရယူပြီး  ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၂၀

          ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့သည် ပြည်နယ် အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူရှင် များမှ လှူဒါန်းလာသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးကုသရေးသုံးပစ္စည်းများ လှူဒါန်းမှုကို လက်ခံရယူပြီး ပြည်နယ်အတွင်း အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တည်ထောင်ဖွင့်လှစ်နိုင် ရေးအတွက် လျာထားမြေနေရာကြည့်ရှုစစ်ဆေးခြင်းကို စက်တင်ဘာ ၂၀ ရက်တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

          ‌ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ပြည်နယ်ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဘိန်းအစားထိုးစံပြလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ သည့် မူဆယ်မြို့အခြေစိုက် ရွှေလျှက်ကုမ္ပဏီလီမိတက်နှင့် ရွှေလီမြို့၊ ဟုန်ဖွာကုမ္ပဏီလီမိတက်တို့ မှ ကိုဗစ်-၁၉ ကာကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွက် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင် ကျော်လွှားနိုင်ရေး ယခုလို လာရောက်ပါဝင်ကူညီလှူဒါန်းပေးကြသည့် ကုမ္ပဏီများနှင့် တာဝန်ရှိသူ များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့က မူဆယ်မြို့အခြေစိုက် ရွှေလျှက်ကုမ္ပဏီလီမိတက်နှင့် ‌ရွှေလီမြို့ ဟုန်ဖွာကုမ္ပဏီ လီမိတက်တို့မှ တာဝန်ရှိသူများမှ လှူဒါန်းသည် Surgical Mask အခုရေ (၃)သိန်း၊ PPE ဝတ်စုံ ၅၀၀ နှင့် Oxygen Concentrator ၁၀ လုံးတို့အား ပေးအပ်လှူဒါန်းမှုကို လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းမှုနှင့် ပတ်သက်၍ ရွှေလျှက်ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာ ဦးဆန်းဝင်းစိုးက ရှင်းလင်းပြောကြားပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မြစ်ကြီးနားမြို့၌ တည်ထောင်ဖွင့် လှစ်သွားမည့် အားကစားနှင့်ကာယပညာသိပ္ပံ(ကချင်)ဖွင့်လှစ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကွင်းအမှတ် (OSS-၁၂၁/၁က) လျာထားမြေနေရာကို ကြည့်ရှု စစ်ဆေးပြီး မြေဧရိယာပါဝင်သည့် ဥယျာဉ်ခြံမြေ လုပ်ကိုင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ညှိနှိုင်းဆောင်ရွက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာတန်ဖိုးနှင့် သီးနှံလျော်ကြေးများ ပေးအပ်နိုင်ရေးတို့ကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း၌ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအဖွဲ့ဝင်များ၏ အကူအညီဖြင့် စံလုပ်ငန်းလုပ်ငန်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးကာ ဆေးထိုးနှံရန်လာရောက်ကြသူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေး အပ်ခဲ့သည်။

          ထို့နောက် မြစ်ကြီးနားမြို့ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၌ ပြည်နယ် အတွင်းရှိ ခရိုင်(၄)ခရိုင်မှ သင်တန်းသား(၂၄)ဦးတို့အား စက်တင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ၅ ရက်ကြာဖွင့်လှစ်သင်ကြားခဲ့သည့် ရပ်ရွာအခြေပြုဘောလုံးနည်းပြသင်တန်း( Premier Skill Com-munity Coaching Course)သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြု အမှာစကားပြောကြားရာ သင်တန်းနည်းပြ ဦးဇာနည်စိုးက သင်တန်းအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနည်းပြ (၂)ဦးတို့အတွက် ဂုဏ်ပြုမှတ်တမ်း လွှာနှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။