ကချင်ပြည်နယ်၏ ရေတို/ရေရှည်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်၏ ရေတို/ရေရှည်စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၁၉

          ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို/ရေရှည်စီးပွားရေးလုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် ညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက် ညနေ ၄ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်း ပပြုလုပ်ခဲ့သည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က  ကချင်ပြည်နယ်၏စီးပွား ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုကာလနှင့် ရေရှည်ကာလအတွက် အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍  မိမိတို့အားလုံးက ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီး အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လတ်တလော ရေတိုကာလအတွက် ထိရောက်အောင်မြင်နိုင်သည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေ ရေး၊ ပြည်နယ်၏ ရေရှည်စီးပွားရေးအတွက် ခိုင်မာတောင့်တင်းသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်စေရေးကိုလည်း မိမိတို့အားလုံးက ညှိနှိုင်းဆွေးနွေး၍ အကောင်အထည်ဖောင်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း ဒေသနှင့် ကိုက်ညီသည့် စိုက်ပျိုး ရေးထွက်ကုန်များနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် လုပ်ငန်းများ၊ ဒေသတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် ရေတို/ ရေရှည်အတွက် ဆောင်ရွက်သင့်သည့် စီးပွားရေး လုပ်ငန်းများနှင့် တက်ရောက်လာကြသည့် ပြည်နယ်အတွင်းမှ စီးပွားရေးလုပ်ငန်းရှင်အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များက ပြည်နယ်၏ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံ ထားရှိမှုအခြေအနေများ၊ ဘိလပ်မြေစက်ရုံနှင့် စီးပွားရေးဇုံ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ကျောက်မျက်လုပ်ငန်းများ အခြေအနေများနှင့် ပတ်သက်၍ ဖွံဖြိုးတိုးတက်စေရေး ဆောင်ရွက်သွား နိုင်သည့် နည်းလမ်းများကို အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ရေတိုကာလနှင့် ရေရှည်ကာလ ရင်းနှီးမြှုပ်နှံသွားမည့် စီးပွားရေးလုပ်ငန်းများအပေါ် ကဏ္ဍအလိုက် ပေါက်မြောက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးတိုင် ပင်သွားရေး၊ ရေတိုကာလစီးပွားရေးလုပ်ငန်းများ မြန်ဆန်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင် ရေးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့သည်။