မြစ်ကြီးနား ဇွန် ၁၅
ပဉ္စမအကြိမ်အဖြစ် ကချင်ပြည်နယ်မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၁၄ ရက် ညနေ (၃)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာဘောလုံးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့မူးယစ်ကင်းစင်ကျောင်းများ မိတ်သဟာယ အနေဖြင့် ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူ သင်တန်းကျောင်းများ အချင်းချင်း စည်းလုံးညီညွတ်မှုရရှိစေပြီး နိုင်ငံအတွက်၊ ပြည်နယ်အတွက်၊ မိမိပတ်ဝန်းကျင်လူမှုအသိုင်း အဝိုင်းအတွက် တန်ဖိုးရှိသော လူငယ်လူရွယ်များအဖြစ် ပြန်လည်ရပ်တည်နိုင်စေရန်၊ မူးယစ်ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီး ကျန်းမာသန်စွမ်းသော လူငယ်များဖြစ်လာစေရေန်၊ အားကစားပြု လုပ်ခြင်းဖြင့် မူးယစ်ဆေးဝါးကို တွန်းလှန်တိုက်ဖျက်လာနိုင်စေရန် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လူသားတိုင်းအတွက် အရေးကြီးလိုအပ်ချက်ဖြစ်သည့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်သည့် အလေ့အကျင့်ကောင်းများတစ်ခုဖြစ်သည့် ဘောလုံးကစားနည်းကို ကစားခြင်းဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှု၊ သည်းခံနိုင်စွမ်းရှိမှု၊ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်း လာမည်ဖြစ်ပါကြောင်း အားပေးပြောကြားသည်။
ထို့နောက် မူးယစ်ကင်းစင်ကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ ဘောလုံးပွဲဖြစ် မြောက်ရေးကော်မတီ ဥက္ကဋ္ဌက နှစ်စဉ် စုပေါင်းမိတ်သဟာယအဖွဲ့ဝင် ကျောင်းများအချင်းချင်း စုဝေး၍ ဘောလုံးပွဲကျင်းပပြုလုပ်ခဲ့မှုအခြေအနေများနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးပြိုင်ပွဲအတွက် ချီးမြှင့်ငွေကျပ် ၂၅ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချူပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘောလုံးဝါသနာရှင်ပရိတ်သတ်များက အဖွင့် ပွဲစဉ်အဖြစ် Ram Hkye (ရန်းခေး)အသင်းနှင့် Asak Muk (အသက်မုန့်) အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးဘောလီဘောပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့်အပြင် (၄)နှစ်ဆက်တိုက် ရိုက်ခုတ်အကောင်း ဆုံးဆုရရှိခဲ့သော အောင်ပွဲရ ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘောလီဘောအသင်း ပြန်လည်ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူ များ၊ ဘင်ခရာအဖွဲ့များ၊ ရိုးရာအကအဖွဲ့များ၊ Fitness Dance အဖွဲ့များနှင့်အတူ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ယင်းနောက် လေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရလက်ရွေးစင်ဘောလီအသင်းအား တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော်လည်း မိမိတို့ ပြည်နယ်အတွက် ပထမဆုကို ရယူခဲ့ခြင်းပင် မှတ်ယူပါကြောင်း၊ ပြိုင်ပွဲတစ်လျှောက် ကစားသမား နှင့် နည်းပြများ၏ ကြိုးပမ်းအားထုတ်ခဲ့မှုကြောင့် တတိယဆု ရရှိခဲ့သည့်အပြင် (၄)နှစ်ဆက်တိုက် ရိုက်ခုတ်အကောင်းဆုံးဆုကို ရရှိအောင် စွမ်းဆောင်ပေးခဲ့သော မနောမလေးကိုလည်း မှတ်တမ်း တင်ဂုဏ်ယူပါကြောင်း၊ ထို့အပြင် လာမည့်ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုကို ဆက်လက်ထိန်း သိမ်းပြီး ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးစားကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားကာ လေဆိပ်၌ အောင်ပွဲရဘောလီဘော အသင်းအား ဝိုင်းဝန်းဂုဏ်ပြုကြိုဆိုပေးကြသော ဘင်ခရာအဖွဲ့၊ ရိုးရာအကအဖွဲ့၊ Fitness Dance အကအဖွဲ့နှင့် တာဝန်ရှိသူများအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။



