ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများ တက်ရောက်ချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရအသင်းများ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     နိုဝင်ဘာ ၂၉

          ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်းဆပ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်ပိုက်ကျော်ခြင်းလိဂ် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစား၌ ကျင်းပသည်။

          အဆိုပါ ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲကို ကလပ်အသင်းပေါင်း ၁၆ သင်းဖြင့် နိုဝင်ဘာ ၂၄ ရက် တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့ ဗိုလ်လုပွဲစဉ်အဖြစ် ဦးလှမြင့်ကလပ်အသင်းနှင့် အိုလံဗစ်(ခ) ကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ပြည်နယ်အမျိုးသမီးအားကစား ဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးခဲ့ကြပြီး ဦးလှမြင့်ကလပ် အသင်းက အနိုင်ရဗိုလ်စွဲသည်။

          ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၅ သိန်းကို ပေးအပ်ရာ ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ကာ ပြည်နယ်ဦးစီးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့သူများနှင့် ဒိုင်ချုပ်နှင့် ဒိုင်လူကြီးများ၊ ပြည်နယ်ပိုက်ကျော်ခြင်းဆပ်ကော်မတီဝင်အဖွဲ့ ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် ပြည်နယ်အမျိုးသမီးအားကစား ဆပ်ကော်မတီဝင်များက ပြိုင်ပွဲဝင်အသင်း (၁၆) သင်းအနက် အဆင့် ၄ မှ အဆင့် (၁၆)အထိ ရရှိခဲ့ သော ပြိုင်ပွဲဝင်အသင်းများနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများက တတိယဆုနှင့် ဒုတိယဆုရအသင်းများအား ဆုတံ ဆိပ်နှင့် ငွေသားဆုများ၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုငွေနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။