ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ပိုမိုလွှမ်းခြုံစွာ ထိုးနှံပေးနိုင်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ပိုမိုလွှမ်းခြုံစွာ ထိုးနှံပေးနိုင်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၁

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလွှမ်းခြုံစွာ ထိုးနှံပေးနိုင်ရေး နှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်တိုးမြှင့်ကြပ်မတ်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။

          ညှိနှိုင်းဆွေး‌နွေးပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း လူဦးရေအားဖြင့် ၁၄ သိန်းကျော် ရှိပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ပုံမှန်ဆေးထိုးအစီအစဉ်ထက် ပိုမိုလွှမ်းခြုံစွာထိုးနှံ ပေးနိုင်ရေး၊ ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် စည်းကမ်းချက်များနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို အရှိန်အဟုန်မပြတ် တင်းကြပ်စွာဆောင်ရွက်ကြရေးတို့အတွက် ဝိုင်းဝန်းဆွေးနွေးကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးက ပြည်နယ်အ တွင်း ကိုဗစ်-၁၉ ဖြစ်ပွားနေမှုအခြေအနေနှင့် ပူတာအိုခရိုင်အတွင်း ဖြစ်ပွားမှုအခြေအနေများကို သုံးသပ်ရှင်းလင်းဆွေးနွေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး တပ်မတော်မှ ဝိုင်းဝန်း ကူညီဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

          ယင်းနောက် တက်ရောက်လာကြသည့် တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် မြတ်သူစိုး၊ ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေ များ၊ ရောဂါစစ်ဆေးရှာဖွေခြင်းနှင့် ကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်းများ အရှိန်အဟုန်မပြတ် နှိုးဆော်တိုက်တွန်းလုပ်ဆောင်သွားမည့် အစီအစဉ်များနှင့် ဝေးလံခက်ခဲသည့် ခေါင်လန်ဖူးဒေသ၊ ဆော့လော်ဒေသနှင့် IDPs စခန်းများနေ ပြည်သူများအား  ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်ရေး ဆောင်ရွက်ရသွားမည့်အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်း ရာခိုင်နှုန်းပြည့်မီစွာ လွှမ်းခြုံထိုးနှံပေးနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများနှင့် ဝိုင်းဝန်းဆောင် ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ခရစ်စမတ်ကာလအတွင်း ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ အများပြည်သူ ပျော်ရွှင်စွာ အပန်းဖြေနိုင်ရေး မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်ရှိ ပြည်သူ့ ရင်ပြင်အတွင်း ခရစ်စမတ်ပွဲတော်ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ် သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကိုဗစ်စည်းကမ်းများနှင့်အညီ အများပြည်သူအား အသိပေးနှိုးဆော်တိုက်တွန်းခြင်း၊ Mask များဖြန့်ဝေခြင်း လုပ်ငန်းများဖြင့် ကျင်းပနိုင်ရေး တာဝန်ရှိ သူများအား မှာကြားခဲ့သည်။