ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူအဆောင်များ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ  ကျောင်းသား/ကျောင်းသူအဆောင်များ သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား     ဒီဇင်ဘာ ၄

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား/ကျောင်းသူအဆောင်များနှင့် စာသင်ဌာနများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် တက္ကသိုလ်ဝင်းအတွင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၄ ရက် နံနက် ၇ နာရီခွဲတွင် တက္ကသိုလ်သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း  ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များက ကျောင်းသား/ ကျောင်းသူအဆောင်များဖြစ်သည့် ဆွမ်ပရာဘွမ်ဆောင်၊ ဆဒုံးဘွမ်ဆောင်၊ အင်ခိုင်ဘွမ်အဆောင် ပတ်ဝန်းကျင်များနှင့် ရုက္ခဗေဒဌာနတို့တွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူသိမ်း ဆည်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တက္ကသိုလ်ပတ် ဝန်းကျင်သာယာလှပရေး၊ ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံစွာ တက်ရောက်ပညာ သင်ကြားနိုင်ရေးနှင့် အခြေခံအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ပြည်နယ် ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။