ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ်လေ့ကျင့်ရေး သင်တန်းဆင်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်မီးသတ်ဦးစီးဌာန၏ ရေပြင်အသက်ကယ်လေ့ကျင့်ရေး သင်တန်းဆင်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၃

          ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့ ဧရာရပ်ကွက် မနောဧရာရေကူးကန်၌ နိုဝင်ဘာ ၁၅ ရက်မှ စတင် ဖွင့်လှစ်ခဲ့သည့် ရေပြင်အသက်ကယ်လေ့ကျင့်ရေးသင်တန်းဆင်းပွဲနှင့် သရုပ်ပြခြင်းအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်တွင် ဘေးအန္တ ရာယ်အမျိုးမျိုး၏ စိန်ခေါ်မှုများ ကြီးမားလာသည်နှင့်အမျှ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်ထက် မြက်ရေးသည်လည်း ယခင်ကနှင့်အတူပို၍အရေးကြီးလာပါကြောင်း၊ ထို့ကြောင့် မီးသတ်တပ်ဖွဲ့ဝင် များ၏စွမ်းဆောင်ရည်သည် ပြည်သူလူထုအတွက် အကာအကွယ်ပေးရန် လိုအပ်ချက်နှင့်အတူ အရေးကြီးလာရခြင်းဖြစ်ကြောင်း၊ အသက်ကယ်နည်းစနစ်များကို တတ်မြောက်ရုံသာမက လေ့ ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှသည် အောင်ပွဲဆီသို့ ဆိုသကဲ့သို့ ကျွမ်းကျင်ပြီး လေ့ကျင့်သားပြည့်ဝအောင် ကယ်ဆယ်ရေးစနစ်များကို ယခုကဲ့သို့ ကြိုတင်ပြင်ဆင် လေ့ကျင့်ထားမှသာ ပြည်သူများကြုံတွေ့လာရမည့် အသက်အန္တရာယ်ကို ကူညီကယ်ဆယ်ဆောင် ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ကြားပေးသည့် သင်ခန်းစာများကို လက်တွေ့မြေ ပြင်တွင် ထိရောက်စွာ အသုံးချနိုင်ရေးနှင့် ပြည်သူအားကိုးယုံကြည်သည့် တပ်ဖွဲ့ဝင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက သင်တန်းတွင် စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြား ပေးခဲ့သော အလွတ်တန်း ရေကူးနည်းစနစ်ဖြင့် ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးရေယာဉ်ဖြင့် Under Water Camera ဖြင့် ရေနစ်သူ၏ တည်နေရာအား ရှာဖွေခြင်း၊ ရေငုတ်ဝတ်စုံ (Dive Suit) ဖြင့် ရေအောက်တွင် ရေနစ်နေသူအား ရှာဖွေကယ်ဆယ်ခြင်းနှင့် ရှေးဦးသူနာပြုစုနည်းဖြင့် အသက် ကယ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ်အ ဆင့်ဌာနဆိုင်ရာအကြီးအကဲများက မီးသတ်တပ်ဖွဲ့မှ ခင်းကျင်းပြသထားသည့် ဘဏ္ဍာနှစ်အလိုက် ဝယ်ယူထားသော ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် ရေယာဉ်များကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက သရုပ်ပြသသည့် မီးသတ်တပ်ဖွဲ့ဝင် များအား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။