ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ် ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ် အားကစားအလိုက် သင်တန်းဆင်းပွဲမှ နည်းပြများနှင့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ် ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ် အားကစားအလိုက် သင်တန်းဆင်းပွဲမှ နည်းပြများနှင့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၆

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီများအလိုက် ၂၀၂၁ ခုနှစ် ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ် ဖွင့်လှစ်သင်ကြားခဲ့သည့် အားကစားနည်း(၈)ခု၏ သင်တန်းဆင်းပွဲနှင့် ဆပ်ကော် မတီဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          သငတြနြးဆငြးပှဲတှငြ ပှညနြယဝြနကြှီးခွုပြ ဦးခကထြိနနြနကြ ဆောငြးရာသီအားကစားပှဲ တောအြဖှဈ အားကစားသငတြနြးတှကေို ဖှင့လြှဈပေးခှငြးဖှင့ြ လူငယမြွားအခွိနကြို အကွိုးရှိစှာ အသုံးခနွိုငခြှငြး၊ ဝါသနာပါရာ အားကစားနညြးကို အခှခေံမှစ၍ စနဈတကွ သငကြှားလေ့ကငွ့နြိုငြ ခှငြးတို့ကှောင့ြ ကောငြးမှနသြည့ြ လမြးကှောငြးပေါတြှငြ အားကစားနညြးဖှင့ြ တည့မြတပြေးနိုငြ သည့အြတှကြ ယခုလိုအကွိုးရှိသည့အြားကစားသငတြနြးမွားအောငမြှငစြှာဖှင့လြှဈနိုငရြေးပူးပေါငြး ဆောငရြှကပြေးခဲ့ကှသူမွားအားလုံးကို အထူးပငကြွေးဇူးတငရြှိပါကှောငြး၊ ဒါအပှငြ အားကစား နညြးအလိုကြ လေ့ကငွ့သြငကြှားနိုငရြေး လိုအပသြည့ြ အားကစားအထောကအြကူပှုပဈစညြးမွား ပံ့ပိုးပေးနိုငရြေးနှင့ြ အားကစားကှငြး၊ အားကစားရုံမွားတှငြ လေ့ကငွ့ကြစားနိုငရြေး စီစဉဆြောငြ ရှကပြေးသှားရနနြှင့ြ လိုအပခြကွမြွားကို မိမိတို့အစိုးရအဖှဲ့အနဖှငေ့ြ အတတနြိုငဆြုံး ဖှည့ဆြညြး ဆောငရြှကပြကေးသှားမညဖြှဈကှောငြး တိုကတြှနြးပှောကှားသညြ။

          ထို့နောက် ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အားကစားနည်းများမှ လက်ဝှေ့၊ ကရာတေးဒို၊ Fitness Dance ကစားနည်းများကို သရုပ်ပြဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဆပ်ကော်မတီ (၈)ခုမှ နည်းပြများနှင့် သရုပ် ပြအဖွဲ့များအတွက် ငွေကျပ် ၅ သိန်း၊ သရုပ်အဖွဲ့များထဲမှ ဂရုဏာရင်ခွင်မိဘမဲ့ဂေဟာမှ Fitness Dance အဖွဲ့အား ငွေကျပ် ၂ သိန်းခွဲတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် အမျိုးသမီးအားကစား ဆပ်ကော်မတီနာယကများက ဆောင်းရာသီအားကစားပွဲတော်အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သင် ကြားခဲ့သည့် ရေကူး၊ ကရာတေး၊ ပိုက်ကျော်ခြင်း၊ ဘောလုံး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ တိုက်ကွမ်ဒို၊ Fitness Dance အားကစားနည်းဆပ်ကော်မတီ (၈)ခုတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇၆၀၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ သင်တန်းဖွင့်လှစ်ခဲ့သည့် အားကစားနည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကန်ပိုက်တီကုန်သွယ်ရေးစခန်း တာဝန်ခံ၊ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ကုန်စည်ပို့ဆောင်ရေးအသင်း တာဝန်ရှိသူများနှင့်အတူ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှု လျင်မြန်စွာ ပုံမှန်လည်ပတ်နိုင်ရေး၊ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စ ရပ်များနှင့် ပတ်သက်၍ ကုန်တင်ကားများ ဝင်/ထွက်သွားလာရေးကိစ္စရပ်များ၊ ကုန်စည်စီးဆင်းမှု လုပ်ငန်းများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ အလားတူ လွယ်ဂျယ်နယ် စပ်ဂိတ်ဖွင့်လှစ်၍ ကုန်စည်စီးဆင်းမှုများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။