(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းဆွေးနွေး

 (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဒီဇင်ဘာ ၈

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းကို နှစ်စဉ်နှစ်တိုင်း ထုတ်ဝေခဲ့ပါကြောင်း၊ ယနေ့ခေတ် ကာလအခြေအနေအရ အချို့သောမီဒီယာများ၏ မှန်ကန်မှုမရှိသည့် သတင်းများ လွှမ်းမိုးမှုကြောင့် ပြည်သူများ သတင်းအချက်မှန်ကန်စွာ သိရှိနိုင်မှု နည်းပါးလာသည့်အတွက် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်နှင့် နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် လုပ်ဆောင်ချက်များ၊ ဌာနဆိုင်ရာများ၏ ဆောင်ရွက်မှုများကို အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးသည် အရေး ကြီးပါကြောင်း၊ ထို့ကြောင့် အများပြည်သူသိရှိနိုင်ရေးအတွက် ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ် လည် မဂ္ဂဇင်းထုတ်ဝေနိုင်ရေးကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေးက မဂ္ဂဇင်း ထုတ်ဝေနိုင် ရေးအတွက် ယခင်းနှစ် နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး  ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်စာရေးဆရာများအသင်းတာဝန်ရှိသူများက (၇၄)နှစ်မြောက် ကချင်ပြည်နယ်ပြည်နယ်နေ့အထိမ်းအမှတ် မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီ၊ ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှုများ၊ ပြည်နယ်အတွင်း ဌာနဆိုင်ရာအသီးသီး၏ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်း ဆောင်တာများ ဖော်ပြရာတွင် နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များအတိုင်း ထုတ်နှုတ်ဖော် ပြနိုင်ရေး၊ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နယ်မြေ လုံခြုံရေးအခြေအနေအရ ယာယီတိမ်းရှောင်ပြည်သူများအရေးနှင့် ပတ်သက်၍ ကြိုးပမ်းဆောင် ရွက်ခဲ့မှုများအပါအဝင်  မဂ္ဂဇင်းတစ်အုပ်၏ အင်္ဂါရပ်နှင့်အညီ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာများ၊ တစ်ကွက်ကာတွန်းများ၊ မှတ်တမ်းဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ထည့်သွင်းဖော်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။